ပဲခူးမြို့တွင် နေအိမ်တစ်လုံး မိနစ်၂၀ ခန့်ကြာမီးလောင်မှုဖြစ်ပွား

0
379

ပဲခူးတိုင်း၊ပဲခူးမြို့၊လိပ်ပြာကန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၁၅ ရက်(ယနေ့)နံနက်ပိုင်းက မိနစ် ၂၀ ခန့်ကြာမီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ပဲခူးမြို့၊လိပ် ပြာကန်ရပ်ကွက်၊မှော်ကန်(၈)လမ်းရှိ ၂ ထပ်နေ အိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားကြောင်းသ တင်းအရ ပဲခူးတိုင်းမီးသတ်ဦးစီးမှူးရုံးနှင့်ခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် မွန်းတည့် ၁၂ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်း ရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတာမရှိပါဘူး ဘေးအိမ်တွေကိုလည်းမီးမကူးပါဘူး အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here