ပိုက်ဆံချေးဌားခြင်းခံရစဉ် ငြင်းဆန်နည်း

0
824

သူငယ်ချင်း၊ ဆွေမျိုး အသိမိတ်ဆွေတွေဆီကနေ လူတိုင်းနီးပါး ငွေချေးခြင်း ခံရတဲ့အဖြစ်နဲ့ ရင်ဆိုင်ဖူးကြလိမ်မယ်ထင်ပါတယ်။ တော်တော်များများကလည်း ငွေချေးခြင်းနဲ့ပတ်သက်ပြီး သင်ခန်း စာလည်းတွေ့ဖူးကြုံဖူးကြမှာပါ။

ကိုယ့်ကိုပိုက်ဆံလာချေးချိန်နဲ့ ကိုယ့်ပိုက်ဆံကိုပြန်တောင်းရတဲ့အခါ မှာလည်း ဆက်ဆံပုံက အလွန်ကွဲပြားသွားတာကြုံတွေ့ဖူးကြမှာပါ။ ငွေကြေးဆိုတဲ့အမျိုးကလည်း ကိုယ်အိတ်ကနေ လွှတ်ထွက်သွားပြီးရင် ပြန်ရဖို့အလွန်ခဲယဉ်းတဲ့အမျိုးလည်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာ ပိုက်ဆံလာချေးတဲ့သူကို အလွယ်တကူငြင်းဆန်နိုင်တဲ့ နည်းလမ်းတွေ ကိုဖော်ပြပေးမှာဖြစ်ပါတယ်။

၁။ မရှိဘူး လို့ပြောလိုက်ပါ

ဒီနည်းဟာ နှစ်ဘက်မြင်လို့ရတဲ့နည်းဖြစ်ပါတယ်။ လိမ်ညာလိုက်တာ သို့မဟုတ် ငြင်းဆန်လိုက်တာ နဲ့ အမှန်တစ်ကယ်မရှိတာပဲ ဖြစ်ပါတယ်။ ဒီလိုပြောလိုက်တဲ့နည်းဟာလည်း အမြဲတမ်းရလဒ်ကောင်း ရ တတ်ပါ တယ်။ အကြောင်းက ကိုယ်ကလည်းသူတို့ ကိုငွေချေးနိုင်တဲ့ အင်အားမရှိ ဘူးလို့ တိုက်ရိုက်ပြော လိုက်သလိုသိစေပါတယ်။ ငွေချေးသူဘက် က လည်း ဒီလိုပြောလိုက်ခြင်းဟာ သူကိုမချေးပေးချင်မှန်း သူလည်းစဉ်စား မိလောက်ပါတယ်။

၂။ ချေးပေးလို့မရဘူး အရေးကြီးသုံးစရာရှိတယ်

ဒီနည်းကတော့ ကိုယ်နဲ့သိပ်မရင်းနှီးပဲကိုယ်ကိုငွေလာချေးရဲသူအပေါ် သုံးသင့်တဲ့နည်းဖြစ်သလို အကျိုး လည်းဖြစ်ပါတယ်။ တခြားဘက်က ကိုယ့်အပေါ်အနည်းငယ်ဒေါသဖြစ်စေပေမယ့် ကိုယ်ပိုက်ဆံကို ချေးခြင်း မချေးခြင်းက ကိုယ့်အပိုင်းပဲဖြစ်ပါတယ်။

၃။ ဒီမတိုင်ခင်တခြားတစ်ယောက်ကိုချေးပေးလိုက်ပြီ

ဒီနည်းကတော စမတ်ကျကျငြင်းဆန်လိုက်တဲ့နည်းပဲဖြစ်ပါတယ်။ ကိုယ် က သူ ကိုမကူညီချင်တာ မဟုတ်ပဲ သူ့မတိုင်ခင်တခြားတစ်ယောက်က လာချေးလို့ ချေးပေးလိုက်ရပြီလို့ ဆိုလိုက်ရုံပဲဖြစ် ပါတယ်။ ၁ နဲ့ ၂က မဖြစ် ဘူးဆိုရင် ဒီနည်းကို စမ်းသုံးကြည့်လိုက်ပါ။ အားနားရင် ခါးပါ တတ်လို့ ပိုက်ဆံချေးခြင်းကြောင့် နှစ်ဖက်သားဆက်ဆံရေး အဖုအထစ် မဖြစ်စေဖို့လိုအပ်ပါတယ်။

၄။ တခြားလူနဲ့ချေးဖို့လမ်းညွှန်လိုက်ပါ

တခြားလူ သို့မဟုတ် အမှန်တစ်ကယ်ငွေချေးပေးနိုင်တဲ့သူဆီကို လမ်းညွှန့်ပေးလိုက်တဲ့နည်းဖြစ် ပါတယ်။ ဘဏ်ကနေချေးနိုင်သလို တခြားငွေတိုးပေးတဲ့ပုဂ္ဂလိကနေရာတွေကို လမ်းညွှန်နိုင်ပါတယ်။ ကိုယ်ကငွေချေးတဲ့အချက်အလက်သိနေရင်လည်း သူကို ရှင်းပြပေး လိုက်ပါ။ ချိုမြိန် တဲ့ငြင်း ဆန်ခြင်းဖြစ်သလို တဖက်ကလည်းသူကို စိတ်ဆိုးစိတ်ကောက်မဖြစ်စေပါဘူး။

၅။ ဘာမှမသိသလို ပြုလိုက်ပါ

အပေါ်ကနည်းနဲ့ဆန့်ကျင်ဘက် မီးမလောင်ခင်ကြိုတားတဲ့ နည်းဖြစ်ပါ တယ်။ ဖုန်းမကိုင် စာမပြန်ပဲ ဘာမှမဖြစ်သလို ပြုလိုက်တာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကိုယ်တမင်ဥပက္ခာပြုနေတာ တန်းသိပါ တယ်။ ဒါပေ ယ့်လည်း ကိုယ်ကချေးမပေးဘူးလို့ စိတ်ပြတ်သားရင်တော့ ဒီနည်း က လည်း အကျိုးဖြစ် ပါတယ်။ ၁ရက်၂ရက် လွန်ပြီးမှ မအားကြောင်း ဘာ ညာ နဲ့ တဖက်ကိုပြန်ဆက်သွယ် စာပြန် လိုက်ပေါ့။ ဒါဆို အကုန် အဆင်ပြေသွားမယ်လို့ပြောလိုက်ပါရစေ။

Ref:sanook


LEAVE A REPLY

Please enter your comment!
Please enter your name here