မြန်မာစာဆရာကြီး ၃ ဦးသင်ကြားပို့ချသည့် မြန် မာစာလုံးပေါင်းသတ်ပုံသင်တန်းတွင် သင်တန်း သားများစိတ်ပါဝင်စားစွာသင်ကြားလျက်ရှိ

0
186

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်းမှ စီစဥ်ဖွင့်လှစ်သည့် “မြန်မာစာလုံးပေါင်း သတ်ပုံသင်တန်း”အား မြန်မာစာဆရာကြီး ၃ ဦးမှ ဇန်နဝါရီ ၁၄ ရက်မှစတင်သင်ကြားပို့ချပေးလျက်ရှိသည်။

သင်တန်း ပထမနေ့ဖြစ်သည့် ဇန်နဝါရီ ၁၄ ရက်တွင် ဆရာဒေါက်တာထွန်းတင့်နှင့်ဆရာအေးကျော်မင်း၊ဒုတိယနေ့ဖြစ်သည့် ဇန်နဝါရီ ၁၅ ရက်တွင် ဆရာဂုဏ်ထူးဦးသိန်းနိုင်နှင့်ဆရာအေးကျော်မင်းတို့က မြန်မာစာလုံးပေါင်းသတ်ပုံများ ၏ နက်နဲပုံများကို ပေါ်လွင်မြင်သာရန်သင်ကြားပို့ချပေးခဲ့ကြသည်။

သင်တန်းတတိယနေ့ဖြစ်သည့် ဇန်နဝါရီ ၁၆ ရက်(ယနေ့)တွင်လည်း သင်တန်းသားများအား မြန်မာစာလုံးပေါင်းသတ်ပုံများ၏ နက်နဲပုံအား ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သင်တန်းအား ဇန်နဝါရီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် မွန်းတည့် ၁၂ နာရီမှနေ့လည် ၃ နာရီခွဲအထိ ကျောက်တံတားမြို့နယ်၊ဆိပ်ကမ်းသာလမ်း(အထက်ဘလောက်)ဓမ္မာရုံဘေး၊ပထမထပ် (ဘယ်)၊အမှတ် ၂၆၃ တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here