ငွေကျပ် ၁ ဒသမ ၇၁ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မြစ်ကြီးနားမြို့တွင်ဖမ်းမိ

0
143

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်တွင် ဇန်နဝါရီ ၁၁ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်၊လမ်းသွယ်(၂၇)တွင် ဖြိုးပြည့်စုံ(ခ)ငယ်ငယ် မောင်းလာသည့်ဆိုင်ကယ်အား စစ်ဆေးခဲ့ကြသည်။

ဆိုင်ကယ်ပေါ်မှ ဘိန်းဖြူပါ ဆပ်ပြာခွက် ၁၁ ခွက်အားဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ၎င်းနေထိုင်သည့် မြစ်ကြီးနားမြို့နယ်၊နန်းကွေ့ကျေးရွာနေအိမ်မှ ဘိန်းဖြူပါ ဆပ်ပြာခွက် ၆၃ ခွက်နှင့် စိတ်ကြွဆေးပြား ၁၁ ဒသမ ၄ သိန်းပြားအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ငွေကျပ် ၁ ဒသမ ၇၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၇၄၀ ဂရမ်နှင့် စိတ်ကြွဆေးပြား ၁၁ ဒသမ ၄ သိန်းပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဘိန်းဖြူ၊စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here