နီပေါလေယာဉ်ပျက်ကျမှု၌ သေဆုံးသူဦးရေ ၆၈ ဦး အထိရှိလာ

0
247

ခတ္တမန္ဒူ၊ ဇန်နဝါရီ ၁၆

နီပေါနိုင်ငံ အလယ်ပိုင်း ပိုခါရာမြို့တွင် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ပြည်တွင်း လေယာဉ်တစ်စီးပျက်ကျမှုကြောင့် သေဆုံးသူဦးရေမှာ ၆၉ ဦးထက်မနည်း ရှိလာပြီဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ဖြစ်ပွားခဲ့သော နိုင်ငံ၏ လေယာဉ်ပျက်ကျမှုများထဲမှ အသေအပျောက်အများဆုံး ဖြစ်ရပ် ဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါ ATR 72 လေယာဉ်ပေါ်တွင် လေယာဉ် အမှုထမ်း လေးဦးနှင့် ခရီးသည် ၆၈ ဦး စုစုပေါင်း ၇၂ ဦး လိုက်ပါသွားခဲ့ကြောင်း Yeti လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ Sudarshan Bartaula က ပြောကြားခဲ့သည်။

ခရီသည်များမှာ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ကလေး သုံးဦးနှင့် မွေးကင်းစကလေး သုံးဦးတို့ဖြစ်ကြောင်း နီပေါမြို့ပြလေကြောင်း အာဏာပိုင်က သတင်းထုတ်ပြန်ခဲ့သည်။

ခရီးသည်များတွင် အိန္ဒိယနိုင်ငံသား ငါးဦး၊ ရုရှားနိုင်ငံသား လေးဦး၊ ကိုရီးယားနိုင်ငံသား နှစ်ဦးနှင့် ဩစတြေးလျ၊ အာဂျင်တီးနား၊ ပြင်သစ်နှင့် အိုင်ယာလန်နိုင်ငံတို့မှ လေးဦးစီ အသီးသီး ပါဝင်ကြကြောင်း သိရသည်။

ရာနှင့်ချီသော တာဝန်ရှိသူများသည် ကျန်ရှိနေသာ လူလေးဦးကို ရှာဖွေရန် လုပ်ဆောင်လျက်ရှိသည်ဟု တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ Bhandari ကဆိုသည်။

source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here