လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းများ ရေရှည်တည့်တံ့ခိုင်မြဲရေးလိုအပ်

0
161

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့်ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းတို့အား လှူဖွယ်ပစ္စည်းများသွား​ရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။

နစက ဥက္ကဋ္ဌသည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျောင်းတိုက်ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုမနအမှူးပြုသည့် သံဃာ တော်များအားဖူးမြော်ကြည်ညိုသည်။

ထို့နောက် သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ကလေးငယ်များပညာသင်ကြားရေး ဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူတော်ငွေများ၊ဆွမ်းဆန်တော်၊ဆီနှင့်စားသောက်ဖွယ်ရာပစ္စည်းများနှင့်လဟယ်မြို့၊ထေရဝါဒဗုဒ္ဓသာသ နာပြု(ဗဟို)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမ များအတွက် ထောက်ပံ့ငွေကျပ်သိန်း ၅၀ တို့အား ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့သွားရောက်၍ သီလရှင်ဆရာကြီးဒေါ်ပညာသိင်္ဂီနှင့်သီလရှင်ဆရာကြီး၊ဆရာလေးများကို ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ၊ပညာသင်ကြားရေးဆိုင်ရာများနှင့်သီလရှင် ကျောင်းအတွက်လိုအပ်ချက်များကို မေးမြန်းလျှောက်ထားပြီး နဝကမ္မအလှူတော်ငွေများ၊ဆွမ်းဆန်တော်၊ဆီနှင့်စားသောက်ဖွယ်ရာပစ္စည်းများ၊သီလရှင်ဝတ်စုံများကို လှူဒါန်းခဲ့သည်။

နစက ဥက္ကဋ္ဌသည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗ ဟို)ကျောင်းနှင့်ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းဝင်းအတွင်းတို့အား ကြည့်ရှုပြီးနောက် ကျောင်းများရေရှည်တည်တံ့ခိုင်မြဲရန်၊သန့်ရှင်းသာယာမှုရှိစေရန် အမြဲမပြတ်ဆောင်ရွက်ပေးရေးအား နယ်မြေခံတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here