Money Changer ကုမ္ပဏီများ အနေဖြင့်နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဈေးနှုန်း

0
244

မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများကိုသိရှိပါကအချက်အလက်များပေးပို့ရန် ဗဟိုဘဏ်ပြော

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေမှ On-site တွေ့ရှိချက်များ၊ AML/CFT ဆိုင်ရာလိုက်နာဆောင် ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ Money Changer လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီအ ဖွဲ့အစည်းများနှင့် ဇန်နဝါရီ ၁၆ ရက်နေ့လည်ပိုင်းက တွေ့ဆုံစဥ်တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။

နိုင်ငံခြားငွေများလဲလှယ်ရောင်းချရာ၌ AML/CFT ဆိုင်ရာဥပဒေ၊စည်းမျဉ်းစည်းကမ်းများကိုလိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ Money Changer လိုင်စင်ရကုမ္ပဏီများသို့ On-Site စစ် ဆေးရာတွင် လိုက်နာဆောင်ရွက်ရန် တွေ့ရှိချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် Money Changer လိုင်စင်ရကုမ္ပဏီများအ နေဖြင့် ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် ဥပဒေနှင့်စည်းမျဉ်းများ၊ညွှန်ကြားချက်များကိုလည်း လိုက် နာဆောင်ရွက်ရမည်ဖြစ်ပြီး ဗဟိုဘဏ်မှ လိုင်စင်အသစ်များထုတ်ပေးခြင်း၊လိုင်စင်သက်တမ်းတိုးခြင်းများနှင့် မူဝါဒများကိုသိရှိရမည်ဟု ပြော သည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ပြဋ္ဌာန်းချက်များကို သိရှိနားလည်ရန် ဗဟိုဘဏ်မှဖွင့်လှစ်သည့် ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေးသင်တန်း တက်ရောက်ရမည်ဟုလည်း ပြောသည်။

ထို့ပြင် Money Changer လိုင်စင်ရကုမ္ပဏီများ သည် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်၍ ဈေးနှုန်းမတည်ငြိမ်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများကိုသိရှိပါက သတင်းအချက်အလက်များပေးပို့ရန်နှင့်နိုင်ငံ ခြားငွေကြေးဈေးကွက်တည်ငြိမ်စေရေးကို ဝိုင်း ဝန်းပါဝင်ဆောင်ရွက်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here