ခရီးသည်တင်မှန်လုံကားတစ်စီး မြောင်းထဲထိုးကျမှု မြန်အောင်မြို့တွင်ဖြစ်ပွား

0
203

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) မွန်းလွဲပိုင်းက ခရီးသည်တင်မှန်လုံးကားတစ်စီး လမ်းဘေးမြောင်းထဲ ထိုးကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူမူကူညီရေးအသင်းများထံမှ သိရသည်။

ရိုးမမောင်အမည်ရှိ ခရီးသည်တင်မှန်လုံးကားသည် မြန်အောင် – ဟင်္သာကားလမ်းပေါ် ခတ္တိယ- အန်းကုန်းကျေးရွာ တံတားနားအရောက်တွင် လမ်းဘေးမြောင်းအတွင်း ထိုးကျခဲ့ခြင်းဖြစ်သည်။

“ အဲ့ဒီရိုးမမောင်ယာဉ်လိုင်းက ယာဉ်မောင်းတွေက အမောင်းကြမ်းတယ်၊ အခုလည်း အရှိန်လွန်ပြီးဖြစ်တာ နဲ့ တူပါတယ်၊ ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ်၊ အရမ်းကြီးစိုးရိမ်ရတာတော့ မဟုတ်ပါဘူး” ဟု ကူညီကယ်ဆယ်ရေးတွင် ပါ၀င်ခဲ့သူတစ်ဦးကပြောသည်။

ထိုသို့ယာဉ်မြောင်းထဲထိုးကျမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ခရီးသည် လူနာများကို ဒေသခံပရဟိတအသင်းအဖွဲ့၏ အရေးပေါ်ယာဉ်များဖြင့် အင်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရသည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here