ကန်တော်ကြီးရေကန်အတွင်း အမျိုးသား ရုပ်အလောင်းတစ်လောင်းတွေ့ရှိ

0
276

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ကန်တော်ကြီးရေကန်အတွင်း ယနေ့ (ဇန်နဝါရီ ၁၇) ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိရသည်။

ကန်တော်ကြီးဝင်ပေါက် နှင့် ပန်ကန်လုံးကျွန်းကြား တံတားဘေး ကန်တော်ကြီးရေကန်ထဲတွင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က အလောင်းတွေ့ရှိကြောင်း ဆက်သွယ်လာသည့်အတွက် လူမူကူညီရေးအသင်းများ ပူးပေါင်းဆောင်ရွက် ဆယ်ယူခဲ့ရသည်။

” မိသားစုနဲ့လည်းအဆက်အသွယ်ရပါပြီ။ သူက မနေ့ကမှ ပျောက်သွားတာ၊ ပြင်ပဒဏ်ရာမရှိပါဘူး၊ ဆေးရရုံအထိ စနစ်တကျအပ်ခဲ့ပြီး PR နံပါတ်ထွက်တဲ့အထိ ကူညီပေးခဲ့ပါတယ်” ဟု မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ရေနစ်သေဆုံးသည့်အမျိုးသားမှာ အသက် ၂၇ နှစ်အရွယ်ရှိသည်ဟု သိရပြီး အလောင်းဆယ်ယူရာတွင် သပြေကုန်းအသင်း၊ ဒီဃာယုကအသင်း၊ ရှမာရိ ပရဟိတအသင်း၊ မေတ္တာပီတိအသင်း နှင့် ကျီတော်အသင်းတို့က ပူးပေါင်းပါ၀င်ခဲ့သည်ဟုလည်း သိရသည်။

ထိုနောက် မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သက်ဆိုင်ရာပူးပေါင်း မှတ်တမ်းရယူ၍ DB အိတ်ဖြင့်ထည့်သွင်းပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ Dead Body အားစနစ်တကျအပ်နှံပြီး PR နံပါတ် 053 ထွက်သည်အထိ အဆင့်ဆင့် ကူညီပေးခဲ့သည်ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here