ဥရောပ၌ကိုကင်းများအား ပီဇာဝယ်သကဲ့သို့ဝယ်ယူလို့ရနေဟုဆို

0
154

ဥရောပ၊ဇန်နဝါရီ ၁၆

ဥရောပ၌ ကိုကင်းသည် ဆူနာမီကဲ့သို့ပင်ကြီးထွားလာနေပြီး ကိုကင်းမှာယူခြင်းသည် ပီဇာဝယ်ယူခြင်းကဲ့သို့ပင် လွယ်လင့်တကူဖြစ်နေကြောင်းသိရှိရသည်။
ကိုကင်းမှာယူရန်အတွက် ဝယ်ယူလိုသူများက WhatsApp နှင့် Signal ကဲ့သို့သော အပလီကေးရှင်းများအသုံးပြုကြပြီး မှာယူပြီးမိနစ်နှစ်ဆယ်အတွင်း အိမ်ရှေ့အရောက်ပို့ဆောင်မှုများဖြင့် ရောင်းဝယ်နေကြသည်ဟုဆိုသည်။

ကိုကင်းသုံးစွဲသူများသည် လမ်းတွေပေါ်အထိတက်ကာ ပီဇာလာပို့သလို ကိုကင်းပို့ဆောင်မှုကို ပေါ်ပေါ်ထင်‌ထင်ရောင်းဝယ်သုံးစွဲနေကြသည်ဟုလည်း ပဲရစ်မူးယစ်အဖွဲ့အကြီးအကဲ မစ္စတာ Lahaye ကပြောကြားခဲ့သည်။

European Monitoring for Drugs and Drug Addiction (EMCDDA) ၏ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်တွင် ဥရောပနိုင်ငံသား ၃ ဒသမ ၅သန်းခန့်သည် ကိုကင်းကိုသုံးစွဲခဲ့ကြောင်းသိရပြီး လွန်ခဲ့သည့် နှစ် ၂၀ က ဥရောပလူဦးရေသုံးစွဲမှု၏ လေးဆခန့်ရှိသည်ဟုသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here