အနောက်အုပ်စု၏ ယူကရိန်းသို့လက်နက်ထောက်ပံ့မှုများကို သမ္မတပူတင်ဝေဖန်ရှုံ့ချ

0
197

မော်စကို၊ဇန်နဝါရီ ၁၇

အရှိန်ပြင်းနေဆဲ ရုရှား – ယူကရိန်းစစ်ပွဲအတွက် အနောက်နိုင်ငံများက ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးမှုများကို သမ္မတပူတင်က ပြစ်တင်ဝေဖန်ခဲ့သည်။

တူကီယေးသမ္မတအာဒိုဂန်နှင့်ဖုန်းပြောစဉ်ကလည်း သမ္မတပူတင်က ကိဗ်၏အဖျက်သဘောမူဝါဒများနှင့်ပတ်သက်၍ဝေဖန်ခဲ့သေးသည်။

ကိဗ်သည်အနောက်အုပ်စု၏ပံ့ပိုးမှုဖြင့် ရန်လိုသည့်နိုင်ငံတစ်နိုင်ငံဖြစ်လာသောကြောင့် ရုရှားအနေဖြင့် ကိဗ်အားချေမှုန်းနိုင်ရန် အာရုံစိုက်ထားကြောင်း ခရင်မလင်ကထုတ်ပြန်ကြေငြာခဲ့ပြီး အနောက်အုပ်စုကလည်း တိုးမြှင့်ထောက်ပံ့မှုများပြုလုပ်ပေးခဲ့သည်ဟုဆိုသည်။

မနှစ်ကစတင်ခဲ့သည့် ရုရှား – ယူကရိန်းစစ်ကြောင့် အစားအသောက်နှင့်လောင်စာအကျပ်အတည်းများဖြစ်ပေါ်ခဲ့ပြီး အရပ်သားပြည်သူသောင်းချီသေဆုံးမှုများကိုငဲ့ညှာသည့်အနေဖြင့် နှစ်ဖက်လုံးမှစစ်ရပ်ကာ သံတမန်နည်းဖြင့်‌အဖြေရှာရန် ကမ္ဘာအရပ်ရပ်မှခေါင်းဆောင်များက တိုက်တွန်းခဲ့ကြသည်။

သို့သော် နှစ်ဖက်စလုံးမှ စစ်ပွဲရပ်သွားအောင်မလုပ်ဆောင်ပဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခဲ့သည်မှာယခုဆိုလျှင် ဆယ့်တစ်လနီးပါးရှိလာပြီဖြစ်သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here