အင်ဒိုနီးရှား၌ Tiktok တွင် နာမည်ကြီးနေသည့် နိုက်ထရိုဂျင် အရည်လောင်း သကြားလုံးများကို ကလေးများ လိုက်စားကြရာမှ အဆိပ်သင့်

0
221

အင်ဒိုနီးရှားနိုင်ငံရှိ ကလေး အယောက် ၂၀ ကျော်သည် Tiktok တွင် နာမည်ကြီး ရေပန်းစားနေသော နိုက်ထရိုဂျင်အရည် အုပ်လောင်းထားသည့် သကြားလုံးများကို စားသုံးရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလေးငယ်အချို့သည် နဂါးငွေ့ဟု ခေါ်သည့် အဆိုပါ သက်တံရောင် သကြားလုံးများကို စားသုံးခဲ့ပြီးနောက် အစာအိမ် ရောင်ရမ်းခြင်းနှင့် အစာအဆိပ်သင့်ခြင်း စသော ရောဂါလက္ခဏာများကို ခံစားခဲ့ရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် အစိုးရသည် အဆိုပါ သကြားလုံးများတွင် ပါဝင်သော နိုက်ထရိုဂျင်အရည်များကို အသင့်စား အစားအစာများတွင် အသုံးမပြုကြရန် သတိပေးထားပြီး ပိုမိုသတိထားကြရန် တိုက်တွန်းထားသည်။

နိုက်ထရိုဂျင်အရည်သည် သကြားလုံးများပေါ်တွင် အငွေ့များ တလူလူပျံအောင် ပြုလုပ်ပေးသည့် ပစ္စည်းတစ်မျိုးဖြစ်ပြီး လူများ စားသုံးသည့်အခါတွင်လည်း ရေခဲငွေ့၊ ဆေးလိပ်ငွေ့များကဲ့သို့ ခပ်မိုက်မိုက် အငွေ့များ ထွက်ပေါ်လာစေသည်။

သို့ရာတွင် အားနည်းချက်မှာ နိုက်ထရိုဂျင်အရည်များ အငွေ့မပျံခင် စားသုံးမိပါက အစာအိမ် ရောင်ရမ်းခြင်းမျိုး ဖြစ်ပေါ်စေနိုင်ပြီး အလွန်ပြင်းထန်းပါက အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိကြောင်း ဂရစ်ဖစ် တက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဘေးကင်းမှု သုတေသနပညာရှင်ဖြစ်သည့် အင်ဒိုနီးရှား ဆရာဝန် ဒေါက်တာ ဒစ်ကီ ဘူဒီမန်ကဆိုသည်။

ထို့ပြင် အရေပြား ပူလောင်ခြင်းနှင့် အသက်ရှုရ အလွန်ခက်ခဲခြင်းစသော ဝေဒနာမျိုးလည်း ခံစားနိုင်ရချေရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် ကလေးငယ် ၂၅ ဦးအစာအဆိပ်သင့်ထားပြီး နှစ်ဦးအား ဆေးရုံတင်ထားရသော်လည်း သေဆုံးသူ တစ်ဦးမျှ မရှိသေးကြောင်း သိရသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here