မိသားစုပြဿနာကြောင့် ၄ လောင်းပြိုင်လူသတ်မှု စစ်တွေမြို့နယ်တွင်ဖြစ်ပွား

0
383

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ပလ္လင်ပြင်ကျေးရွာတွင် ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းက မိသားစု ပြဿနာကြောင့် ၄ လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိရသည်။

ယင်းနေ့နံနက် ၈ နာရီခန့်က စစ်တွေမြို့နယ်၊အောင်တိုင်ကျေးရွာအုပ်စု၊ပလ္လင်ပြင်ကျေးရွာတွင် ၄ လောင်းပြိုင်လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်ကျေးရွာ၌ မိသားစုပြဿနာကြောင့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦး(စုစုပေါင်း ၄ ဦး)တို့သည် ဒဏ်ရာများရရှိကာ သေဆုံးနေခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

“မိသားစုပြဿနာလို့တော့ သိရတယ်၊ အကြမ်းဖျဥ်းသိရသလောက်ဆိုရင် အမွေကိစ္စစကားများပြီးဖြစ်တာလို့ အဲဒီရွာကလူတွေကတော့ပြောတယ်။ အသက်(၅၅)နှစ်လောက်ရှိတဲ့အမျိုးသမီး ၁ ယောက်၊(၃၇)နှစ်အရွယ်အမျိုးသမီးတစ်ယောက်ရယ်၊ အသက်(၃၅)နှစ်နဲ့(၃၆)နှစ်အရွယ်အမျိုးသား ၂ ယောက်ရယ်ပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ ၄ ဦး၏ရုပ်အလောင်းများအား တာဝန်ရှိသူများ၏ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီးနောက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ နာရေးတင်ကားဖြင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here