Monday, March 10, 2025

နိုဗိုစီဗစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို နစက ဥက္ကဋ္ဌဖွင့်လှစ်ပေးခဲ့

ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၉ ရက်နံနက်ပိုင်းက...

မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့အား Sister City...

မြန်မာနိုင်ငံ၊ မန္တလေးမြို့နှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့တို့အား Sister City အဖြစ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး မစ္စတာ...

ချန်ပီယံ မြန်မာအမျိုးသမီးအသင်းကို ဆုကြေး သိန်း...

နီပေါနိုင်ငံ၌ ကျင်းပသည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ကျပ်သိန်း(၅၇၃၀) ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအတွက် အားကစားနှင့်...

နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှား-ဘယ်လာရုစ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ မတ် ၃ ရက်နံနက်ပိုင်းမှစတင်ကာ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့...
HomeNewsLocal Newsရွှေတိဂုံစေတီ ရွှေချလုပ်ငန်းလုပ်ဆောင်ရန် ရွှေရာဆိုင်း...

ရွှေတိဂုံစေတီ ရွှေချလုပ်ငန်းလုပ်ဆောင်ရန် ရွှေရာဆိုင်း ၂၄၀၀၀ ဝယ်ယူရန် ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူ

၂၀၂၃ ခုနှစ် အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ရွှေချခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွှေဆိုင်းများ ဝယ်ယူရန် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချလိုသူများ တင်ဒါလျှောက်ထားနိုင်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ရွှေချခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့အနေဖြင့် စက်မှုရွှေရာဆိုင်း (၁၀၀၀၀) နှင့် မြန်မာ့ရိုးရာ လက်မှုရွှေရာဆိုင်း (၁၄၀၀၀) ကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဝယ်ယူမည့် ရွှေဆိုင်းများမှာ (၂) လက်မ ပတ်လည် အရွယ်အစားရှိသည့် ရွှေဆိုင်းများဖြစ်ပြီး ရောင်းချလိုသူများအနေဖြင့် တင်ဒါလျှောက်လွှာများကို ဇန်နဝါရီလ (၂၃) ရက်မှ (၂၇) ရက်အထိ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးတွင် တစ်စောင်လျှင် (၁၀၀၀၀) ကျပ်ဖြင့် လာရောက်ဝယ် ယူနိုင်ကြောင်းလည်း သိရသည်။

ဂေါပကအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ မြန်မာ့ရိုးရာ လက်မှု ရွှေဆိုင်းများကို လာမည့် ဖေဖေါ်ဝါရီလ (၁၄) ရက် နေ့လယ် (၁) နာရီခွဲတွင် ရွှေတိဂုံစေတီရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များဆောင်းတန်းတွင် တင်ဒါဖွင့်ဖောက်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စက်မှုရွှေဆိုင်းတင်ဒါများကို ဖေဖေါ်ဝါရီလ (၁၄) ရက် မွန်းလွဲ (၃) နာရီတွင် အဆိုပါနေရာ၌ပင် တင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရွှေဆိုင်းများ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူခြင်းအစီအစဉ်အား အသေးစိတ်သိရှိလိုပါက ဂေါပကအဖွဲ့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုဗိုစီဗစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို နစက ဥက္ကဋ္ဌဖွင့်လှစ်ပေးခဲ့

ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၉ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား နစက ဥက္ကဋ္ဌ၊ ဒု- ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ တရာ့ ဗနီကော့ဗ်အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ် တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌမှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်းပေးခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းမိသားစုများနှင့် နိုဗိုစီဗစ်မြို့တွင် သင်တန်းတက်ရောက်နေသည့် သင်တန်းသားအရာရှိများအားတွေ့ဆုံခဲ့သည်။ ထိုသို့...

မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့အား Sister City အဖြစ်ဆောင်ရွက်ပါက ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်

မြန်မာနိုင်ငံ၊ မန္တလေးမြို့နှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့တို့အား Sister City အဖြစ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး မစ္စတာ တရာ့ဗနီကော့ဗ်အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ် တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ မတ် ၉ ရက်နံနက်ပိုင်းက နိုဗိုစီဗစ်မြို့၊ Grand Autograph ဟိုတယ်ရှိအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၊ မန္တလေးမြို့နှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့တို့အား Sister City အဖြစ် ဆောင်ရွက်ပါက ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရးရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊...

ချန်ပီယံ မြန်မာအမျိုးသမီးအသင်းကို ဆုကြေး သိန်း ငါးထောင်ကျော် ချီးမြှင့်

နီပေါနိုင်ငံ၌ ကျင်းပသည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ကျပ်သိန်း(၅၇၃၀) ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကျပ်သိန်း(၃၀၀)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သိန်း(၇၀၀)၊ KBZ Bank ကကျပ်သိန်း (၁၀၀၀)၊ AYA Bank ကကျပ်သိန်း(၁၀၀၀)၊ Max Energy ကကျပ်သိန်း(၆၀၀)၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ကျပ်သိန်း(၄၀၀)၊ A Bank ကျပ်သိန်း(၃၀၀)၊ ATOM ကျပ်သိန်း(၃၀၀)၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071