ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ် ပြင်သစ်သီလရှင် လူစီရန်ဒုံ ကွယ်လွန်

0
213

ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ပြင်သစ်သီလရှင် လူစီရန်ဒုံ သည် အသက် ၁၁၈ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စစ္စတာ အန်ဒရီ ခေါ် ရန်ဒုံ အား ပထမကမ္ဘာစစ်မဖြစ်ပွားမီ ဆယ်နှစ်အလို ၁၉၀၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြင်သစ်တောင်ပိုင်း၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။

ရန်ဒုံသည် သူနေထိုင်ရာ တူလွန်မြို့ရှိ ဘိုးဘွားရိပ်သာတွင် အိပ်ပျော်နေစဉ် ကွယ်လွန်သွားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် တာဗယ်လာက ဇန်နဝါရီလ ၁၇ ရက် အင်္ဂါနေ့တွင် ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်က အသက် ၁၁၉ နှစ်အရွယ် ဂျပန်လူမျိုး ကနဲ တာနက ဆုံးပါးသွားခဲ့ပြီးနောက် ကမ္ဘာ့ အသက်အရှည်ဆုံး လူသားဖြစ်လာသော ရန်ဒုံသည် နူးယောက်တွင် ပထမဆုံး မြေအောက်ရထား ဖွင့်လှစ်ချိန်ကတည်းက အသက်ရှင်နေခဲ့သူဖြစ်သည်။

ရန်ဒုံသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း သူနေထိုင်ရာ ဘိုးဘွားရိပ်သာ၌ အခြားလူ ၁၀ ဦး ရောဂါဖြင့် ဆုံးပါးသွားသော်လည်း အသက်ရှင်ကျန်ရစ်နေခဲ့သူလည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် ပြင်သစ်ရေဒီယိုချန်နယ်တစ်ခုက ရန်ဒုံအား ထိုမျှ အသက်ရှည်နေရခြင်း၏ လျှို့ဝှက်ချက်ကို မေးမြန်းခဲ့ရာ သူကိုယ်တိုင်ပင် မသိကြောင်းနှင့် ဘုရားသခင်၌သာ အဖြေရှိကြောင်း ဖြေကြားခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here