ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် သုံးသိန်းကျော်အတွက် စားနပ်ရိက္ခာတစ်လစာကို WFP ထောက်ပံ့

0
215

ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသတို့ရှိ ဒုက္ခသည်ပေါင်း ၃၄၀,၀၀၀ အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)က ယခုလ ဇန်နဝါရီလ ပထမပတ်အတွင်းက ထောက်ပံ့ပေးဝေခဲ့ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် လူသားချင်းစာနာမှု အကူအညီများ သွားရောက်ပေးအပ်ခွင့်အား ဒီဇင်ဘာလလပိုင်းတွင် ပြန်လည်ရရှိခဲ့သည်ကြောင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ယခုကဲ့သို့ သွားရောက်ကူညီခွင့် ပြန်လည်ရရှိခြင်းသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလလယ်ကတည်းက WFP ၏ အထောက်အပံ့ကို မရရှိခဲ့ကြသော လူဦးရေပေါင်း ၁၃၀,၀၀၀ အတွက်လည်း အလွန်အရေးပါခဲ့ကြောင်း ဆိုသည်။

ထို့အတူ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)အရ မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ခံစားနေရသည့် ဒေသအားလုံးအနက် အထူးသဖြင့် အညာဒေသ၊ အရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများရှိ နေရပ်စွန့်ခွာလာရသူများအား အကူအညီပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here