ကိုဗစ်(၁၉)ကြောင့် ပျံသန်းပြေးဆွဲမှု (၂) နှစ်ကြာ ရပ်နားထားသည့် မန္တလေး- မန်စီ တိုက်ရိုက်လေကြောင်းခရီးစဥ် ပြန်လည်ပျံသန်းမည်

0
176

ကိုဗစ်(၁၉)ကြောင့် ပျံသန်းပြေးဆွဲမှု (၂) နှစ်ကြာ ရပ်နားထားသည့် မန္တလေး- မန်စီ တိုက်ရိုက်လေကြောင်းခရီးစဥ် ပြန်လည်ပျံသန်းမည်

ကိုဗစ်(၁၉)ရောဂါကြောင့် ပျံသန်းပြေးဆွဲမှုယာယီရပ်နားထားသည့် မန္တလေး-မန်စီတိုက်ရိုက်လေကြောင်းခရီးစဥ်အား ဇန်နဝါရီ ၂၁ ရက်မှစတင်၍ အပတ်စဥ်ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ရွှေလီလေကြောင်းလိုင်းဖြစ်သည့် Ruili Airlines မှ အပတ်စဉ် အင်္ဂါ၊ကြာသပတေးနှင့်စနေနေ့များ၌ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကာ မန်စီမြို့မှ ညနေ ၅ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးမြို့သို့ ညနေ ၆ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

ထို့ပြင် မန္တလေးမြို့မှ ည ၇ နာရီ ၁၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး မန်စီမြို့သို့ ည ၈ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း၊မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှ သိရသည်။

ရွှေလီလေကြောင်းလိုင်း(Ruili Airlines)သည် ရန်ကုန် -မန်စီ တိုက်ရိုက်လေကြောင်းခရီးစဉ်နှင့်မန္တလေး-မန်စီ လေကြောင်းခရီးစဉ်တို့အား အပတ်စဉ် ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ မြန်မာ – တရုတ် ဆက်သွယ်ရေး လမ်းကြောင်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရန် နှစ်နိုင်ငံ အစိုးရများအကြား စီစဉ်ဆောင်ရွက်မှုများထဲမှ တရုတ် – မြန်မာ ခရီးသွားကဏ္ဍအတွက် အ ရေး ပါသည့် တိုက်ရိုက်လေကြောင်းလိုင်းတစ်ခု ပြန်လည်စတင်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း တရုတ် – မြန်မာ နယ်စပ်ဂိတ်များကို တရုတ်ဘက်အခြမ်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာဘက်မှ မန့်ဝိန်းဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် အဆိုပါ နယ်စပ်ဖြတ်ကျော်ဂိတ်များမှ တရုတ် ခရီးသွားများအား ဝင်ရောက်ခွင့်မပြုထားသေး‌ဘဲ မြန်မာဘက်အခြမ်းမှလည်း လိုအပ်သည့် လဝက ကိစ္စများ ခွင့်ပြုပေးနိုင်ရန် စီစဉ်ဆောင်ရွက်ဆဲအခြေအနေဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here