နာရေးကူညီမှုအသင်းမှာ သရုပ်ဆောင်ထွန်းကိုကို ရဲ့ မွေးနေ့အလှူငွေကို ဆရာမဒေါ်သန်းမြင့်အောင် ကိုယ်တိုင် လက်ခံ

0
159

ဇန်နဝါရီလ ၁၆ရက်နေ့မှာကျရောက်တဲ့ သရုပ်ဆောင်ထွန်းကိုကိုရဲ့ မွေးနေ့အလှူအဖြစ် ငွေကျပ်သုံးသိန်းကို နာရေးကူညီမှုအသင်းကိုလာဒါန်းခဲ့ပြီး အလှူငွေကို ဆရာမ ဒေါ်သန်းမြင့်အောင်ကလက်ခံခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင်ထွန်းကိုကို က သူ့ရဲ့မွေးနေ့ အလှူအဖြစ် နဂါးရုံဘုရားကို တည်ထားခဲ့သလို ယခင်ကတည်းက ပရဟိတ အလုပ်တစ်ခုအနေနဲ့လုပ်ဖြစ်နေတဲ့ နာရေးကူညီမှုအသင်းကို မွေးနေ့အလှူအဖြစ် ငွေကျပ်သုံးသိန်း လှူဒါန်းခဲ့ပြီး အလှူငွေကို ဆရာမဒေါ်သန်းမြင့်အောင်ကိုယ်တိုင်လက်ခံခဲ့တဲ့ ပုံရိပ်ကို နာရေးကူညီမှုအသင်းရဲ့ Facebook Page ကနေ ဖော်ပြလာတာတွေ့ရပါတယ်။

ဆရာမ ဒေါ်သန်းမြင့်အောင် က ပုဒ်မ ၅၀၅ နဲ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီးဇန်နဝါရီလ (၄)ရက်၊ လွတ်လပ်ရေးနေ့(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဥ်းသား (၇၀၀၀)ကျော်လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အထဲတွင် NLD အစိုးရလက်ထက် ရန်ကုန်စည်ပင်သာယာရေးကော်မတီဝင် ဆရာမ ဒေါ်သန်းမြင့်အောင် က ပြန်လည်လွတ်မြောက်လာခဲ့တာလို့သိရပါတယ်။

သရုပ်ဆောင်ထွန်းကိုကို က အနုပညာအလုပ်များကို မော်ဒယ်လ်တစ်ယောက်အဖြစ်စတင်ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်သလို ၂၀၁၅ခုနှစ်မှစတင် ပြီး နာရေးကူညီမှုအသင်း မှာပရဟိတ အနေနဲ့ စတင်ဆောင်ရွက် ခဲ့ကာ ၂၀၂၂ခုနှစ် မှစတင် သာသနာပြုလုပ်ငန်းများကို စတင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here