မိုးညှင်းမြို့နယ်ရှိ ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရား၏ (၁၅၄)ကြိမ်မြောက်ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကျင်းပမည်

0
235

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ ရွှေမဉ္ဇူရေလယ်ဘုရား၏ (၁၅၄)ကြိမ်မြောက်ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲနှင့်ဆွမ်းဆန်တော်လောင်းလှူပွဲအား ဖေဖော်ဝါရီ ၂၆ ရက်(တပေါင်းလဆန်း ၈ ရက်)တွင် ကျင်းပသွားမည်ဖြစ်သည်။

“ကိုဗစ်(၁၉)ရောဂါနဲ့ဒေသအခြေအနေအရ ပွဲ တော်ကို စည်စည်ကားကား ကျင်းပနိုင်ခြင်းမရှိပေမယ့် အကျဉ်းချုံးအနေနဲ့ ရိုးရာမပျက် ဆွမ်းတော်ကြီးကပ်လှူပွဲကို ကိုဗစ်(၁၉)ရောဂါစည်း ကမ်းချက်တွေနဲ့အညီ တစ်ရက်ထဲကျင်းပသွားမှာပါ”ဟု မြို့နယ်သာသနာရေးဦးစီးမှူး ဦးအောင်သူဖြိုးကပြောသည်။

ဆွမ်းတော်ကြီးကပ်လှူပွဲတွင် ဆရာတော်/သံဃာတော် ၁၈၀ ပါးနှင့်သီလရှင် ၉၀ ပါး(စုစုပေါင်း ၂၇၀ ပါး)အား သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ဂေါပကအဖွဲ့ဝင်များ၊တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊အင်းပတ်လည်ရှိ ကျေးရွာများမှ ရွာသူ/ရွာသားများနှင့်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများက ဆွမ်းဆန်တော်များလောင်းလှူသွားမည်ဖြစ်သည်။

“ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်ကနေ တ ပေါင်းလပြည့်နေ့အထိ အစဉ်အလာမပျက်ကျင်းပခဲ့တယ် ပွဲတော်မှာ ဘုရားဖူးတွေအတွက် အခမဲ့တည်းခိုဖို့နေရာတွေ စီစဉ်ပေးတာကြောင့် လာရောက်တဲ့သူတွေများတယ် ဒီနှစ်ကတော့ အခြေအနေအရပ်ရပ်ကြောင့် အကျဥ်းချုံးပြီး တစ်ရက်ထဲပဲကျင်းပသွားမှာပါ”ဟု မြို့နယ်သာသနာရေးဦးစီးမှူး ဦးအောင်သူဖြိုးကပြောသည်။

ယခင်နှစ်များက ရွှေမဥ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရားပွဲတော်အား ပြည်နယ်နှင့်ခရိုင်တို့မှကြီးမှူး၍ ပျော်ပွဲရွှင်ပွဲများ၊ရိုးရာအကများ၊ဇာတ်သဘင်ပွဲများ၊ရိုးရာအားကစားပွဲတော်နှင့်လှေလှော်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here