မက်ဒေါနားက ဂီတသက်တမ်းနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေပွဲကျင်းပမည်ဟုကြေငြာ

0
173

အနုပညာသက်တမ်းအနှစ်လေးဆယ်ပြည့်အထိမ်းအမှတ်အနေနှင့် ကမ္ဘာလုံးဆိုင်ရာဖျော်ဖြေပွဲကြီးကျင်းပမည်ဖြစ်ကြောင်း ပေါ့ပ်အဆိုတော် မက်ဒေါနားကအင်္ဂါနေ့ကကြေငြာခဲ့သည်။

အဆိုပါဖျော်ဖြေပွဲအား ကမ္ဘာပေါ်ရှိမြို့ပေါင်း ၃၅ မြို့သို့လှည့်လည်ဖျော်ဖြေမည်ဖြစ်ကာ ခရီးစဉ်အား ဇူလိုင်လ ၁၅ ရက်နေ့တွင် ဗန်ကူးဗားမြို့မှစတင်မည်ဖြစ်ကြောင်းသိရှိရသည်။ထိုမှတစ်ဆင့် သူ၏ဂီတလမ်းစတင်လျှောက်လှမ်းခဲ့သည့်မြို့ကြီးများဖြစ်သည့် အမေရိကန်နိုင်ငံမှ ဒက်ထရွိုက်၊ရှီကာဂို၊မိုင်ယာမီနှင့် နူးယော့ခ်မြို့အစရှိသည့်မြို့ကြီးများ၌ပါဖျော်ဖြေမည်ဖြစ်သည်။

“The Celebration Tour” အမည်ရှိအဆိုပါခရီးစဉ်အား ဥရောပနိုင်ငံများဖြစ်သည့် လန်ဒန်၊ဘာစီလိုနာနှင့်ပါရီမြို့များသို့ပါ ဝင်ရောက်ရန်မျှော်လင့်ထားပြီး နောက်ဆုံးဒီဇင်ဘာလ၌ အမ်စတာဒမ်မြို့၌အဆုံးသတ်ဖျော်ဖြေရန်ရည်ရွယ်ထားကြောင်းသိရသည်။

“ပရိသတ်တွေစောင့်မျှော်နေတဲ့ရှိုးပွဲကောင်းတစ်ခုဖြစ်လာဖို့ သီချင်းတွေရှာဖွေစီစဉ်နေရတာကြောင့် စိတ်လှုပ်ရှားနေပါတယ်” ဟုမက်ဒေါနားကရေးသားထားသည်။

မက်ဒေါနားသည် စတူဒီယိုအယ်လ်ဘမ် ၁၄ ခုအပြင် လိုက်ဖ်ရှိုးများ၊တေးသံသွင်းမှုများဖြင့် ဂရမ်မီဆုအားခုနစ်ကြိမ်တိုင်တိုင်ရရှိထားသူတစ်ဦးဖြစ်ပြီး ဂီတလောက၏အကြီးကျယ်ဆုံး အဆိုတော်များထဲမှတစ်ဦးအဖြစ် နှစ်ပေါင်း ၄၀ ကျော်ကြာသည်အထိ လွှမ်းမိုးမှုရှိသူတစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here