ဒီမိုကရက်ပါတီ အရာရှိ ၄ ဦးအိမ်များတွင် သေနတ်ပစ်မှုများ ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ရီပတ်ဘလစ်ကန် အမတ်လောင်းဟောင်းတစ်ဦးအား ရဲက ဖမ်းဆီး

0
164

၂၀၂၂ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်အမတ်နေရာအတွက် လျာထားခံရသော ရီပတ်ဘလစ်ကန် အမတ်လောင်းဟောင်းတစ်ဦးအား ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ခံအရာရှိလေးဦး၏နေအိမ်များတွင် မကြာသေးမီက ပစ်ခတ်မှုများဆက်တိုက်ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ဖမ်းဆီးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်၊ Albuquerque မြို့မှ တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

Solomon Peña သည် ခရိုင်ကော်မရှင်နာနှစ်ဦးနှင့် ပြည်နယ်ဥပဒေပြုကော်မရှင်နာနှစ်ဦးတို့၏နေအိမ်များကို ပစ်ခတ်ရန်နှင့် အခြားသူလေးဦးအား လုပ်ကြံသတ်ဖြတ်ရန်အခကြေးငွေပေး၍ စေခိုင်းသည့် ကြံစည်မှုကို နောက်ကွယ်မှ ချုပ်ကိုင်သူဖြစ်ကြောင်း Albuquerque ရဲဌာနမှ အကြီးအကဲက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အသက် ၃၉ နှစ်အရွယ် မစ္စတာ Solomon Peña သည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် လက်ရှိရွေးကောက်ခံအမတ် Miguel P. Garcia အား အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ ရက်အကြာတွင် မစ္စတာ Peña သည် ၎င်း၏ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုခြင်း မရှိကြောင်းနှင့် သမ္မတဟောင်း ထရမ့်၏ 2024 သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ Peña ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း SWAT အဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “နိုင်ငံတော်ရာဇဝတ်မှု”ဖြင့် သူ့ကိုစွဲချက်တင်ရန် စီစဉ်နေကြောင်းကိုလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here