ဂျာမနီ၏ ကာကွယ်ရးဝန်ကြီးအသစ်အဖြစ် ဘောရစ် ပစ်စတိုရီးယက်အား အိုလက်ဖ် ရှို့ဇ် ရွေးချယ်

0
162

ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှို့ဇ်သည် တနင်္လာနေ့တွင် နှုတ်ထွက်သွားသော ကာကွယ်ရေးဝန်ကြီး ခရစ်စတင်းနား လမ်ဘိုခေ၏ နေရာတွင် လိုးဝါး ဆက်ဆိုနီပြည်နယ်၏ ပြည်ထဲရေးဝန်ကြီး ဘောရစ် ပစ်စတိုရီးယက်ကို အစားထိုးသွားမည် ဖြစ်ကြောင်း သိရသည်။

အိုလက်ဇ် ရှို့ဇ် ရွေးချယ်ခဲ့သော ပစ်စတိုရီးယက်သည် ပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းတွင် လူသိနည်းသူ ဖြစ်ကြောင်း DW သတင်းဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သို့ရာတွင် အသက် ၆၂ အရွယ်ရှိပြီဖြစ်သော ပစ်စတိုရီးယက်သည် ၂၀၁၃ ခုနှစ်ကတည်းက လိုးဝါး ဆက်ဆိုနီပြည်နယ်ရှိ SPD အစိုးရပါတီ ဦးဆောင်သော ပြည်တွင်းလုံခြုံရေး၊ ဆိုက်ဘာရာဇဝတ်မှုများ၊ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကိစ္စရပ်များနှင့် အားကစားရေးရာများ၌ပင် ပါဝင်၍ ကိုင်တွယ်ဖြေရှင်းခဲ့သူ ဖြစ်သည်။

ထို့ပြင် သူသည် ပြည်ထဲရေးဝန်ကြီးအဖြစ် ကိုးနှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းနှင့် တာဝန်ကျေပွန်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

“ကျွန်ုပ်တို့နိုင်ငံမှာရှိတဲ့ ထူးချွန်တဲ့ နိုင်ငံရေးသမားဖြစ်တဲ့ ဘောရစ် ပစ်တိုရီးယက်ဟာ ကာကွယ်ရေးဝန်ကြီးအသစ် ဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ သူ့ရဲ့ အတွေ့အကြုံ၊ အရည်အချင်း ပြည့်ဝမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ သူ့ရဲ့ သဘောထားပြည့်ဝတဲ့ စိတ်ထားတွေကြောင့် နိုင်ငံတော်လုံခြုံရေးအတွက် တာဝန်ပေးဖို့ သင့်တော် မှန်ကန်တဲ့လူဖြစ်ပါတယ် ” ဟု ရှို့ဇ်က တွစ်တာပေါ်တွင် ဂျာမန်ဘာသာစကားဖြင့် အင်္ဂါနေ့က ရေးသားခဲ့သည်။

Source: China Daily


LEAVE A REPLY

Please enter your comment!
Please enter your name here