မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန် ပုံငွေဖြင့် ဒုတိယအကြိမ် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အား ထိုင်းနိုင်ငံ၌ကျင်းပမည်

0
234

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန် ပုံငွေ(၂၀၂၀)ဖြင့် ထိုင်းနိုင်ငံတွင်ကျင်းပမည့် ဒုတိ ယအကြိမ် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖ လှယ်ရေးအစီအစဉ်တက်ရောက်ရန် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဦးဆောင်သည့်အ ဖွဲ့ ဇန်နဝါရီ ၁၈ ရက်နေ့လည်ပိုင်းက ရန်ကုန်လေ ဆိပ်မှတဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့သည်။

ဒုတိယအကြိမ် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်သည် မဲခေါင်-လန်ချန်းနိုင်ငံများကြား တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများဖလှယ်ရန်၊တိုင်းရင်းသားရေးရာမူဝါဒနှင့်အခွင့်အရေးဆိုင်ရာများအား လေ့လာရန်နှင့်မျှဝေရန်၊မဲခေါင်ဒေသအတွင်းရှိ တိုင်းရင်း သားလူမျိုးများကြား ချိတ်ဆက်ဆောင်ရွက်နိုင်သည့် ကွန်ယက်တစ်ခုဖြစ်ပေါ်စေရန်၊မဲခေါင်ဒေသတွင်းရှိ နိုင်ငံများကြား အပြန်အလှန်နားလည်မှုတိုးတက်လာစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ် သည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဦးဆောင်သည့်အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ပထမအကြိမ် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အား ၂၀၂၂ ခုနှစ်၊နိုဝင်ဘာ  ၂၇ ရက်မှဒီဇင်ဘာ ၃ ရက်အထိ လာအိုနိုင်ငံတွင် ကျင်းပခဲ့ပြီး ဒု-ဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here