စက်လှေတစ်စီးမိုင်းပေါက်ကွဲမှုဖြစ်၍ သံဃာတော်နှင့်စက်လှေပိုင်ရှင်ဒဏ်ရာရရှိခဲ့မှု စဥ့်ကူးမြို့နယ်တွင်ဖြစ်ပွား

0
520

မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်တွင် ဇန်နဝါရီ ၁၈ ရက်မွန်းတည့်ပိုင်းက သံဃာတော်တစ်ပါးလိုက်ပါလာသည့် စက်လှေမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်ခန့်က လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးသည် စဥ့်ကူးမြို့နယ်၊ထုံးကြီးကျေးရွာနှင့်သာယာဝတီကျေးရွာသို့ ပြေးဆွဲနေသည့် ဧရာဝတီမြစ် မြစ်ကူးကူးတို့စက်လှေအား မိုင်းဖြင့်ဖောက်ခွဲခဲ့ကြသည်။

မိုင်းပေါက်ကွဲမှုကြောင့် စက်လှေပိုင်ရှင်ဦးဝင်းညွန့်(၆၀)နှစ်၏ ဘယ်လက်ပြင်နှင့်စက်လှေပေါ်တွင် လိုက်ပါလာသည့် ကြာဥယျာဥ်ကျေးရွာရှိ ရွှေညောင်တော်ကျောင်းတိုက်နေ ဦးတိဿ(၄၉)နှစ်၊ဝါတော်(၂၉)ဝါ၏ ဘယ်နားရွက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“မိုင်းစထိသွားတဲ့ သံဃာတော်နဲ့စက်လှေမောင်းတဲ့လူကို ဆေးရုံပို့ပေးထားပါတယ် စိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး မိုင်းခွဲတဲ့လူတွေက စက်လှေကိုမိုင်းနဲ့ဖောက်ခွဲပြီးတော့ ထွက်ပြေးသွားကြတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here