ရှီအား တွေ့ဆုံဆွေးနွေးပွဲလုပ်ရန်အတွက် ဇလန်းစကီးက စာတစ်စောင် ရေးသား ဖိတ်ကြား

0
325

ဒါဗို၊ ဇန်နဝါရီလ ၁၉

ယူကရိန်းသမ္မတ ဇလန်းစကီးက တရုတ်သမ္မတ ရှီကျင့်ဖျင်အား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ဖိတ်ခေါ်သည့် စာတစ်စောင်ကို ဆွစ်ဇာလန်နိုင်ငံ ဒါဗို မြို့တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဇနီးဖြစ်သူ အိုလဲနာ ဇလန်စကာက ဇန်နဝါရီလ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဇလန်းစကီးသည် ပေကျင်းက ရုရှားခေါင်းဆောင် ပူတင်အပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို အသုံးပြုပေးရန် မျှော်လင့်ချက်ဖြင့် ပြီးခဲ့သည့်နှစ် အရေးအခင်းစတင်ကတည်းက ရှီနှင့် အဆက်အသွယ်ရရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။

အင်္ဂါနေ့က ကျင်းပခဲ့သော ဒါဗိုမြို့ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်၌ မိန့်ခွန်းပြောကြားစဉ်အတွင်း ဇလန်းစကီက သူ့တွင် ရှီအတွက် စာတစ်စောင်ပါရှိကြောင်း ပြောကြားခဲ့သော်လည်း ဗုဒ္ဓဟူးနေ့ရောက်မှ သတင်းစာရှင်းလင်းပွဲတွင် အသေးစိတ်အချက်အလက်များကို ထုတ်ပြောခဲ့သည်။

“ဒါဟာ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ကြားချက်တစ်ခုဖြစ်ပြီး ဒီဖိတ်ကြားချက်ကို တုံ့ပြန်လာဖို့ အရမ်းကို မျှော်လင့်နေပါတယ်” ဟု ဇလန်းစကီက သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံသည် ရုရှားနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိနေပြီး အရေးအခင်း စတင်ကတည်းက ကြားနေနိုင်ငံအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသူဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here