ယနေ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ပြန်တက်လာပြီး တစ်လီတာ ၂၂၀၀ ကျော်အထိ ရောက်လာ

0
123

ယမန်နေ့က ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သည့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယနေ့ ဇန်နဝါရီ (၁၉) ရက်တွင် ၂၂၀၀ ကျော်အထိ ပြန်လည် မြင့်တက်လာပြီး ယမန်နေ့ထက် ၁၀၀ ကျပ်နီးပါး မြင့်တက်လာကြောင်း သိရသည်။

ယမန်နေ့က စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ရည်ညွှန်းဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၁၅၅ ကျပ်ဖြစ်ပြီး ၉၅ တစ်လီတာ၏ ဈေးနှုန်းမှာ ၂၂၁၅ ကျပ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းမှာ ဇန်နဝါရီ (၁၇) ရက် ဈေးနှုန်းထက် ကျဆင်းခဲ့ခြင်း ဖြစ်သော်လည်း တစ်ရက်အကြာ ယနေ့ ဇန်နဝါရီ (၁၉) ရက်တွင် ၂၂၀၀ ထက်သို့ ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

” ဒီရက်ထဲတော့ ဆီဈေးက သိပ်မငြိမ်ဘူး ။ တက်လိုက် ကျလိုက်ဖြစ်နေတယ်။ သိသိသာသာ ပြောင်းလဲတာမျိုးတော့ မဟုတ်ဘူးပေါ့” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ပြောသည်။

ယနေ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသည့် စက်သုံးဆီ ဈေးနှုန်းများမှာ ၉၂ တစ်လီတာလျင် ၂ ၂၃၀ ကျပ်နှင့် ၉၅ တစ်လီတာလျင် ၂၃၁၀ ကျပ်ဖြစ် ကြောင်း သိရသည်။

အလားတူ ဒီဇယ်တစ်လီတာလျင် ၂၄၂၀ ကျပ်ဖြစ်ပြီး ပရီမီယံဒီဇယ် တစ်လီတာလျင် ၂၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသို‌လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများကို ပုံမှန်ရည်ညွှန်းသတ်မှတ်ပေးလျက်ရှိပြီး စက်သုံးဆီရောင်းချသူများအနေဖြင့် မသမာသော နည်းလမ်းများဖြင့် ဈေးတင်ရောင်းချခြင်း၊ သိုလှောင်ထားခြင်း ၊ ဈေးကစားခြင်းများ မပြုလုပ်ကြရန်လည်း ညွှန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here