အိန္ဒိယနိုင်ငံ နွားထိန်းပြိုင်ပွဲ၌ တစ်ဦးသေဆုံး, ဒါဇင်နဲ့ချီဒဏ်ရာရဟုဆို

0
231

ဘန်ဂလူးရူး၊ဇန်နဝါရီ ၁၈

အိန္ဒိယနိုင်ငံ၏အငြင်းပွားဖွယ်အားကစားနည်းတစ်ခုဖြစ်သော ဂျလီကာတူအမည်ရှိ နွားထိန်းပြိုင်ပွဲ၌ အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ၍ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

သေဆုံးသူမှာ အသက် ၂၀ အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး တောင်ပိုင်းတမီလ်နာဒူးပြည်နယ် မာဒူရီခရိုင်၌ယှဉ်ပြိုင်မှုအတွင်း ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်၌ စုစုပေါင်း လူ ၃၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူများကပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပတ်ကလည်း အန်ဒရာပရာဒက်ရှ်၌ကျင်းပသည့် အခြားနွားထိန်းပွဲတစ်ခု၌ လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း India Today သတင်းက စနေနေ့ကဖော်ပြသည်။

ဂျလီကာတူးကစားနည်းသည် နှစ်ပေါင်း ၂,၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သော ကမ္ဘာ့ရှေးအကျဆုံး အားကစားများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ဂျလီကာတူးသည်နွားများကိုသတ်ရန်မဟုတ်ပဲ အလှဆင်ထားပြီး‌ ပြေးလွှားနေသည့်နွားများအား ပါဝင်ယှဉ်ပြိုင်သူက ထိန်းချုပ်နိုင်ရန်ကြိုးစားကာ နွားချိုမှ အလံကိုအရယူနိုင်အောင်ကြိုးစားသည့်ကစားနည်းဖြစ်သည်။

ယင်းသို့ယှဉ်ပြိုင်ရာ၌ နှစ်တိုင်းလည်း ပွဲကြည့်သူရောယှဉ်ပြိုင်သူများပါ ဒဏ်ရာရလေ့ရှိကြသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here