အရေးအခင်း အစောပိုင်းကာလများအတွင်း ယူကရိန်းအား ဘူဂေးရီးယားက လောင်စာနှင့် ခဲယမ်းမီးကျောက်များ တိတ်တဆိတ် ထောက်ပံ့ပေးခဲ့

0
296

ဘူဂေးရီးယားနိုင်ငံသည် ရုရှား-ယူကရိန်း အရေးအခင်း စတင်ချိန် အစောပိုင်းလများတွင် ယူကရိန်းအား အသည်းအသန် လိုအပ်နေသော ဒီဇယ်ဆီနှင့် ခဲယမ်းကျည်ဆန် အမြောက်အမြားကို တိတ်တဆိတ် ထောက်ပံ့ခြင်းဖြင့် ကူညီခဲ့ကြောင်း နိုင်ငံရေးသမားများက ပြောကြားခဲ့သည်။

ထိုသို့ကူညီခဲ့သော ဘူဂေးရီးယားသည် ဥရောပသမဂ္ဂ၏ အဆင်းရဲဆုံး အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မော်စကို ထောက်ခံအားပေးသူအဖြစ် ကာလကြာရှည်စွာ ရှုမြင်ခံထားရသူဖြစ်သည်။

ဘူဂေရီးယားသည် ပြီးခဲ့သည့် နွေဦးရာသီ အရေးပါလှသော သုံးလတာကာလအတွင်း ယူကရိန်းစစ်တပ်က လိုအပ်နေသော ခဲယမ်းကျည်ဆန် ၃၀ ရာခိုင်နှုန်းနှင့် ဒီဇယ်ဆီ ၄၀ ရာခိုင်နှုန်းတို့အား ထောက်ပံ့ခဲ့သည်ဟု ဘူဂေးရီးယား ဝန်ကြီးချုပ်ဟောင်း ကီရေးလ် ပတ်တော့ဖ်နှင့် ဘဏ္ဍာရေးဝန်ကြီး အက်ဆင် ဗတ်စီလက်ဖ် တို့က ပြောကြားခဲ့သည်။

ဘူဂေရီးယားနှင့် ဟန်ဂေရီသည် ယူကရိန်းသို့ စစ်လက်နက်အကူအညီများ ပေးပို့ရန် တရားဝင် ငြင်းဆိုထားသည့် နေတိုးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အဖြစ် သိထားသော်လည်း လက်တွေ့တွင်မူ ဘူဂေးရီးယားသည် ယူကရိန်းအား သွယ်ဝိုက်သောနည်းဖြင့် လက်နက်အများဆုံး ထောက်ပံ့နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။

“ကီရေးလ် ပတ်တော့ဖ် က သူ့ရဲ့ ရိုးသားဖြောင့်မတ်မှုကို ပြသခဲ့ပါတယ်၊ ကျွန်တော်တို့ကို ကူညီဖို့အတွက် သူ့မှာရှိသမျှ နိုင်ငံရေး ပရိယာယ်အားလုံးကို အသုံးပြုခဲ့တဲ့အတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ” ဟု ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမတ်တရို ကူလဲဘာက ဂျာမန်သတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here