ကျိုက်ထိုမြို့နယ် USDP ပါတီ၏ မြို့နယ်အလုပ် အမှုဆောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
142

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊မရမ်းချောင်းကျေးရွာနေ ကျိုက်ထိုမြို့နယ် USDP ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်ဦးအောင်ထွေးခိုင် (၅၄)နှစ်သည် ဇန်နဝါရီ ၁၉ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် မရမ်းချောင်းကျေးရွာထိပ်ရှိ ၎င်းပိုင်ဥယျာဉ်ခြံအတွင်းရှိနေသည့် USDP ပါတီ၏ ကျိုက်ထိုမြို့နယ်အလုပ်အမှုဆောင်ဦးအောင်ထွေးခိုင်အား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ထွေးခိုင်သည် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်ကဟုတ်ပါတယ် ကျည်ထိမှန်ဒဏ်ရာတစ်ချက်နဲ့သေဆုံးသွားတာပါ အခု နာရေးအတွက်လိုအပ်တာတွေလုပ်ဆောင်နေပါတယ်”ဟု ကျိုက်ထိုမြို့နယ် USDP ပါတီနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here