ALPHARD ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၁၁၈၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ နောင်ချိုတွင် ဖမ်းဆီးရမိ

0
195

ALPHARD ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၁၁၈၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ နောင်ချိုမြို့ တွင်ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၇ ရက် ၉ နာရီ ၃၅ အချိန်ခန့်တွင် သက်သေများနှင့်အတူ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မောင်ဇော် မောင်းနှင်ပြီး နေသူလှိုင် လိုက်ပါလာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ၎င်းတို့တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၇.၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၅၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်အတွက် မောင်ဇော် (၃၅) နှစ်နှင့် နေသူလှိုင် (၃၁) နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here