အုတ်တွင်းမြို့တွင် လမ်းဖြတ်ကူးသူအား တိုက်ပြီးမောင်းပြေးမှုဖြစ်ပွား ကားကို ပိတ်‌ဆို့ ဖမ်းဆီးနိုင်ခဲ့

0
226

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၁၉) ညနေပိုင်းက လမ်းဖြတ်ကူးသူအား ကားဖြင့်တိုက်ပြီး မောင်းပြေးမှုဖြစ်ပွားခဲ့သည်။

ကားဖြင့်အတိုက်ခံရသူမှာ ဥယျာဉ်တော်ကျေးရွာ ကိုသန်းစိုးဆိုသူဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

” မောင်းပြေးတဲ့ကား ရှေ့ဘန်ကာပြုတ်ကျ ကျန်ခဲ့တယ်၊ မျက်မြင်တွေ့တဲ့သူတွေလည်း ရှိတော့ ဂုတ်တွင်းရဲစခန်းကို အကြောင်းကြားတယ်၊ ဂုတ်တွင်းရဲစခန်းက ကျွဲပွဲနဲ့ မိုင်တိုင် ၁၄၈ မှာ ပိတ်ဖမ်းတဲ့အခါမှာ မိတာပါ ” ဟု ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့မှ တာ၀န်ရှိသူတစ်ဦီးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

လက်ရှိအချိန်တွင်ယာဉ်တိုက်ခံရသူအား ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းက မိသားစုနှင့်ဆက်သွယ်ပေးပြီးနောက် အုတ်တွင်းဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း အုတ်တွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here