မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ဝန်ထမ်း ၁သောင်း လျှော့ချမည်

0
230

မိုက်ခရိုဆော့ဖ်ကုမ္ပဏီသည် ဝန်ထမ်းစုစုပေါင်း၏ ၅ရာခိုင်နှုန်းခန့်ဖြစ်သည့် ဝန်ထမ်းဦးရေ ၁သောင်းကို မကြာမီတွင် လျှော့ချတော့မည်ဖြစ်ကြောင်းသိရသည်။

ယင်းသည် မက်ခရိုစီးပွားရေးအခြေအနေများနှင့်ဖောက်သည်များကိုဦးစားပေးမှုပြောင်းလဲခြင်းမူဝဒါကြောင့်ဖြစ်သလို၊ ကပ်ရောဂါကာလအတွင်းက ဝန်ထမ်းဦးရေတိုးမြှင့်ခဲ့ခြင်းကို ပြန်လည်လျှော့ချခြင်းလည်း ဖြစ်ကြောင်း ကုမ္ပဏီကဆိုသည်။

ဝန်ထမ်းများလျှော့ချခြင်းအပြင် နေရာအနှံ့ငှားရမ်းထားသော ရုံးခန်းများကိုပါလျှော့ချ၍ စုစည်းသွားမည်ဟုလည်းဆိုသည်။

“ဒါဟာ အလွန်အကျွံအလုပ်ခန့်ခဲ့ခြင်းကြောင့်သာဖြစ်ပါတယ်”ဟု Vanderbilt တက္ကသိုလ်မှဘဏ္ဍာရေးပါမောက္ခ Joshua White က ပြောသည်။

ကပ်ရောဂါဖြစ်ပွားပြီးနောက် ဘဏ္ဍာနှစ်နှစ်ခုတွင် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ ဝန်ထမ်းအင်အားသည် ၃၆ ရာခိုင်နှုန်းခန့် တိုးလာကာ ၂၀၂၀ ခုနှစ် ဇွန်လကုန်တွင် အလုပ်သမား ၁၆၃,၀၀၀ မှ ၂၀၂၂ ဇွန်လတွင် ၂၂၁,၀၀၀ အထိ တိုးလာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here