Grand Royal စက်ရုံ မီးလောင်မှုတွင် ဦးခေါင်း ဒဏ်ရာရခဲ့သည့်  ရွှေပြည်သာ အရန်မီးသတ်စခန်းမှ  တပ်ဖွဲ့ဝင်တစ်ဦးပျောက်ဆုံးနေ ၊ ရဲစခန်း၌ လူပျောက်တိုင်ထား

0
276

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အခြေစိုက် အမှတ် (၄) ရပ်ကွက် ရွှေပြည်သာအရန် မီး သတ်စခန်းမှ အသက် (၁၈) နှစ်အရွယ်ရှိ စေတနာ့ ဝန် ထမ်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဇန်နဝါရီ (၁၅) ရက်မှစတင်၍ ပျောက်ဆုံးနေသည့်အတွက် ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

အဆိုပါ ပျောက်ဆုံးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်သည် မောင်ပြည့်ဘုဏ်မောင်(၁၈)နှစ်ဖြစ်ကာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြိုင်သာယာမှ လာရောက်၍ ရန်ကုန်မြို့၌ အလုပ်လုပ်ကိုင်နေစဥ် စေတနာ့ဝန်ထမ်းအဖြစ် အမှတ် (၄) ရပ်ကွက် ရွှေပြည်သာ အရန်မီးသတ်တပ်ဖွဲ့စခန်းတွင် ဝင်ရောက် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

၎င်းသည် ဇန်နဝါရီ (၁၃) ရက်က Grand Royal အရက်ချ က်စက်ရုံ မီးလောင်မှုအား ငြှိမ်းသတ်ရာမှ မီးသတ်ကားပေါ်၌ ရေထိုင်တာဝန်ယူစဥ် ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ပြုတ်ကျပြီး ဦးခေါင်းဖုရောင်ဒဏ်ရာရရှိကာ ရွှေပြည်သာဆေးရုံတွင် တစ်ရက်တာဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ယင်းသို့ ဆေးကုသမှု ခံယူပြီးနောက် ပြန်ဆင်းလာချိန် ဇန်နဝါရီ (၁၅) ရက်နေ့လည် (၁) နာရီခန့်တွင် ဘုရားဖူးသွားမည်ဟု ပြောဆိုပြီးနောက် အရန်မီးသတ်စခန်းမှထွက်ခွာသွားကာ ယနေ့အချိန်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း သိရသည်။

“လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးသလို ထူး ခြားတာလည်း မရှိသေးပါဘူး။ ကျွန်တော်တို့လည်း လိုက်ရှာနေပါတယ်။ သူ့အိမ်ကို ဆက်သွယ်ကြည့်တော့လည်း ပြန်ရောက်မလာဘူးလို့ သိရတယ်။ သူ့မိဘတွေလည်းစိတ် ပူနေကြတယ်။ ရွှေပြည်သာ ရဲစခန်းမှာတော့ လူပျောက်တိုက်ချက်ဖွင့်ထားပါတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်သွားတာပါ”ဟု အမှတ်(၄)ရပ်ကွက် ရွှေပြည်သာ အရန်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသ ည်။

ပျောက်ဆုံးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင် မောင်ပြည့်ဘုဏ်မောင် ပျောက်ဆုံးနေသည်မှ ဇန် နဝါရီ (၁၉) ရက် (ယနေ့)အထိ (၅) ရက်ကြာရှိပြီဖြစ်ပြီး ၎င်းသည် မွေးရာပါစကားမပီသူတစ်ဦးဖြစ် ကြောင်း သိရသည်။

အမှတ်(၄)ရပ်ကွက် ရွှေပြည်သာ အရန်မီးသတ်စခန်းတွင်လည်း ၎င်း၏ အဝတ်အစားများနှင့် မှတ်ပုံတင်ကျန်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မောင်ပြည့်ဘုဏ်မောင်အားတွေ့ရှိသူ များအနေဖြင့် အမှတ်(၄)ရပ်ကွက် ရွှေပြည်သာ အ ရန်မီးသတ်စခန်း၏ ဖုန်း ၀၉ ၄၀၀၅၄၄၄၀၆ သို့ဆက်သွယ်အကြော င်းကြားပေးရန် အကူအညီတောင်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here