တိဗက်၌နှင်းတောင်ပြိုကျမှုကြောင့် လူရှစ်ဦးထက်မနည်းသေဆုံး, တရုတ်နိုင်ငံကကယ်ဆယ်ရေးအတွက်ကူညီပေးလျက်ရှိ

0
132

တိဗက်နိုင်ငံအနောက်တောင်ပိုင်းဒေသရှိ နင်ချီမြို့၌ နှင်း တောင်ပြိုကျမှုကြောင့် အနည်းဆုံးလူရှစ်ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။လူအများအပြားပျောက်ဆုံးနေသေးသော်လည်း အရေအတွက်ကို အတိအကျမသိရသေးဟုဆိုသည်။

တရုတ်အစိုးရကကယ်ဆယ်ရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးနေပြီး ရုပ်အလောင်းများသယ်ယူရန်အတွက်လည်း ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့အားစေလွှတ်ကြီးကြပ်ခိုင်းထားကြောင်းသိရသည်။

အဆိုပါနှင်း တောင်ပြိုကျချိန်၌ လူအများစုသည်၎င်းတို့၏ ယာဉ်များပေါ်၌ပိတ်မိနေကြသည်ဟုဆိုသည်။ယင်းသို့ပိတ်မိနေသဖြင့် အချိန်မှီကယ်ဆယ်နိုင်ရန် အဆိုပါနေရာသို့ လူပေါင်း ၁၃၁ ဦး၊ယာဉ် ၂၈ စီးတို့အား ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် အာဏာပိုင်များကစေလွှတ်ခဲ့သည်။

တရုတ်နိုင်ငံ၏အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကိုလည်းစေလွှတ်ပေးခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့နှင်း တောင်ပြိုကျမှုသည် ဟိမဝန္တာ၌ဖြစ်လေ့ဖြစ်ထရှိသော အရာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်အောက်တိုဘာလကလည်း လူပေါင်း ၂၆ ဦးအထိသေဆုံးစေခဲ့သည့်နှင်းတောင်ပြိုမှုတစ်ခုလည်းဖြစ်ပွားခဲ့သေးသည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here