CB Bank မှ Man U နှင့် FIFA Prepaid Card နှစ်မျိုးအား ယာယီရပ်ဆိုင်း‌ကြောင်းထုတ်ပြန်

0
228

CB Bank မှ ၎င်းတို့ထုတ်ပေးထားသည့် Prepaid ကတ် ၂ မျိုး၏ ဝန်ဆောင်မှုများအား အခြေအနေအရပ်ရပ်ကြောင့် ယာယီရပ်ဆိုင်းခဲ့သည်ဟု ဇန်နဝါရီ ၁၉ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

Manchester United Prepaid Card (Only Multi Currency)နှင့် FIFA Prepaid Card (Only Multi Currency)များ၏ ဝန်ဆောင်မှုများအား ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ယာယီရပ်ဆိုင်းခဲ့သဖြင့် ယင်း ကတ်သုံးစွဲသူများအနေဖြင့် အဆင်မပြေမှုများကြုံတွေရခြင်းကို CB Bank မှတောင်းပန်ထားပြီး၊ သုံးစွဲသူများအနေဖြင့် ကတ်အားဖျက်သိမ်းခြင်း(သို့)အခြား ကတ်ဒီဇိုင်းများနှင့်အစားထိုးလျှောက်ထားခြင်းများပြုလုပ်နိုင်သည်ဟု CB Bank ကအသိပေးထုတ်ပြန်ထားသည်။

ထိုသို့ ကတ်များယာယီရပ်ဆိုင်းခဲ့ခြင်းနှင့်အခြား ကတ်ဒီဇိုင်းများလျှောက်ထားနိုင်ခြင်းနှင့်ပတ် သက်၍ ယင်းကတ်များအားသုံးစွဲနေသူများမှ ဝေဖန်မှုများရှိနေကြောင်း သိရသည်။

ယင်း ကတ်များအားပိတ်ခြင်းကြောင့် ကတ်အတွင်းရှိ ငွေသားများကို မည်သို့ပြန်လုပ်ပေးမလဲ၊အစားထိုးကတ်လျှောက်ထားရာတွင် အခမဲ့ပြုလုပ်ပေးမည်လားဟူသည့် မေးမြန်းပြောဆိုမှုများလည်းရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here