8th HLC အစည်းအဝေးတက်ရောက်ရန်ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်အား နစက ဥက္ကဋ္ဌမှ ညစာစားပွဲဖြင့်ဧည့်ခံ

0
154

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ဇန်နဝါရီ ၁၉ ရက်(ယနေ့)ညပိုင်းက ရခိုင် ပြည်နယ်သံတွဲမြို့ရှိ Pristine Mermaid Resort ဟိုတယ်၌ ညစာစားပွဲဖြင့်ကြိုဆိုဧည့်ခံခဲ့ခြင်းဖြစ်သည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့်ဇနီးတို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မြန်မာ- ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက ထိုင်းဘုရင့်တပ်မတော်အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်သံတွဲလေဆိပ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ညစာစားပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊အဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ 

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။

ညစာစားပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ထိုင်းဘုရင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့နှင့်အတူ ညှိနှိုင်းကွပ် ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်၊ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ် ချုပ်ကြီးထွန်းအောင်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ထိုင်းဘုရင့်တပ်မ တော်မှအရာရှိကြီးများ၊နှစ်နိုင်ငံ စစ်သံမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here