သံတွဲမြို့အနီးရှိ နယ်မြေခံရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးဆောင်ရွက်နေမှုများအား နစက ဥက္ကဋ္ဌကြည့်ရှု

0
343

ရခိုင် ပြည်နယ်သို့​ရောက်ရှိနေ​သောဗိုလ်ချုပ်မူးကြီမင်းအောင်လှိုင်က သံတွဲမြို့အနီးရှိ နယ်မြေခံပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးဆောင်ရွက်နေမှုများ၊တပ်တည်ဆောက်ရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ယ​နေ့ကြည့်ရှုစစ်ဆေးခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးကမ်းခြေတွင် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၈ ဦးမှ ရန်သူ့ရေယာဉ်အား တိတ်တဆိတ်ဝင်ရောက်ဖောက်ခွဲ၍ ပြန်လည်ထွက်ခွာခြင်း(Cast & Recovery) လေ့ကျင့်ခန်းသရုပ်ပြသခြင်းနှင့် သရုပ်ပြလေ့ကျင့်နေမှုအား ကြည့်ရှုခဲ့သည်။

ထို့နောက် လေ့ကျင့်ခန်းတွင်ပါဝင်သည့် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ၏ အလေးပြုခြင်းခံယူခဲ့သည်။

နယ်မြေခံတပ်မှူးမှ လေ့ကျင့်ရေးဆိုင်ရာဆောင် ရွက်နေမှု၊ပြည်ပနိုင်ငံများသို့ သင်တန်းသားများစေလွှတ်မှု၊သွားရောက်လေ့လာမှုနှင့်ပြည်ပနိုင်ငံများမှလာရောက်လေ့လာမှု၊ပြည်သူလူထုအကျိုး ပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုနှင့်သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်ရှိ Training Pool အတွင်းလေ့ကျင့်မှုများ၊ Escape Training သရုပ်ပြခြင်းများ၊ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် နည်းပြ ၈ ဦး၏သရုပ်ပြခြင်းများ၊တပ်မတော်(ရေ)၏ လေ့ကျင့်ရေး၊ဆယ်ယူရေးနှင့်လုံခြုံရေးတာဝန်များ၊ရေပြင်သက်စောင့်လုပ်ငန်းတာဝန်များ၊မိုင်းရှင်းလင်းရေးနှင့်ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများနှင့်လက်နက်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြည့်ရှုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here