မြန်မာနိုင်ငံအစိုးရနှင့်ကုလသမဂ္ဂတို့ကြားဆက်လက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

0
97

နိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးနှင့်ဗန်ကောက်မြို့အခြေစိုက်၊ကုလသ မဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David Mclachlan-Karr တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးက ညွှန်ကြားရေးမှူး Mr. David Mclachlan-Karr အား ဇန်နဝါရီ ၁၉ ရက်နေ့လည် ၃ နာရီက နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာနရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့်ကုလသမဂ္ဂတို့ကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ် သက်၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိ နှိုင်းရေးမှူးနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here