ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား တာချီလိတ်မြို့နယ်တွင်ဖမ်းမိ

0
226

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ ၁၇ ရက်ညပိုင်းက ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၆ နာရီခန့်က တာချီလိတ်မြို့နယ်၊မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆူနီး မောင်းလာသည့် Probox (ခဲရောင်)ကားအားစစ်ဆေးရာ လားရှိုးမြို့သို့လူမဲ့ပို့ဆောင်မည့် ပါဆယ်ထုပ်အ တွင်းမှ အက်တစီဆေးပြား ၁၉၇၀ ပြားအားဖမ်း ဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ပါဆယ်ပို့သူများဖြစ်သည့် ဖရော်မိုင်နှင့်ဇဒေါင်တို့အား ဖမ်းဆီးရမိခဲ့ပြီးနောက် တာချီလိတ်မြို့၊ရန်အောင်မြေရပ်ကွက်၊ပါလျံ(၂) ရှိ ကျိန်ရှန်မို(ခ)အားမှုံ၏ နေအိမ်အားရှာဖွေရာ စိတ်ကြွဆေးပြား ၂၅၄၀ ပြား၊အက်တစီအမှုန့် ( ၆၀၀ ဂရမ်)၊စိတ်ပြောင်းဆေးဝါး(Happy water) ပန်းရောင်ဆေးမှုန့်( ၆ ဒသမ ၀၂၆ ကီလိုဂရမ်)၊အ ဖြူရောင်ဆေးမှုန့်( ၅၈၀ ဂရမ်)၊ကတ်တမင်းအဖြူရောင်ဆေးမှုန့်( ၁ ကီလိုဂရမ်)နှင့်ဘိန်းရည်( ၄ လီ တာခန့်)တို့အား သိမ်းဆည်းရမိခဲ့သည်။

ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးမျိုးစုံနှင့်အတူ ဖမ်းဆီးရမိသူများအား ဟောင်လိတ်နယ်မြေရဲစခန်းက မယ(ပ)၅/၂၀၂၃၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ နှင့် မယ(ပ)၆/၂၀၂၃၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ တို့ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here