မြန်မာနိုင်ငံနှင့်မော်စကိုမြို့အစိုးရတို့ကြား ကဏ္ဍ ၅ ခု၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဆွေးနွေး

0
127

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးနှင့် မော်စကိုမြို့အစိုးရအဖွဲ့၀န်ကြီး၊ပြည်ပစီးပွားဆက်သွယ်ရေးနှင့်နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Mr. Sergey CHEREMIN တို့တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာသံအမတ်ကြီးဦးလွင်ဦးသည် ဇန်နဝါရီ ၁၉ ရက်ညနေ ၅ နာရီခွဲက Mr. Sergey CHEREMIN အား မော်စကိုမြို့ရှိ မော်စကိုအစိုးရအဖွဲ့ရုံးသို့ သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့်မော်စကိုမြို့အစိုးရတို့ကြား မြို့ပြဖွံ့ဖြိုးမှု၊နည်းပညာ၊သယ်ယူပို့ဆောင်ရေး၊ကုန်သွယ်ရေး၊ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအလားအလာများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးတည်ထောင်မှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်အခမ်းအနားများကျင်းပရာတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ရုရှားဘက်မှပြည်ပစီးပွားဆက်သွယ်ရေးနှင့်နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ Mr. Vyacheslav MANUYLOV ၊နိုင်ငံတကာဆက်ဆံရေးဌာနခွဲ၏ ဒုတိယအကြီးအကဲ Mr. Sergey BARATOV ၊အကြီးတန်းကျွမ်းကျင်သူ Mrs. Ekaterina GOLO VATSKAYA ၊ပြဇာတ်ရုံများနှင့် ဂီတဖျော်ဖြေပွဲများ ကျင်းပရေးဆိုင်ရာ ဌာနခွဲ၏ ဒုတိယအကြီးအကဲ Mrs. Polina LAPSHINA တို့ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here