ကမ္ဘာ့အအေးဆုံးမြို့တော် ရာကူ့စ်တွင် အပူချိန် – ၆၂.၇ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းလာ

0
324

နှစ်တစ်နှစ်၏ အအေးဆုံးလ အတွင်းသို့ ဝင်ရောက်လာသောကြောင့် ကမ္ဘာ့အအေးဆုံး မြို့တော်ဖြစ်သည့် ရုရှားနိုင်ငံရှိ ရာကူ့စ်တွင် အပူချိန်သည် အနုတ် ၆၂ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ရာကူ့စ်မြို့ သည် မော်စကိုမြို့ အရှေ့ဘက် မိုင်ပေါင်း သုံးထောင့် တစ်ရာအကွာရှိ အစဉ်အမြဲ အေးခဲနေလေ့ရှိသော မြေလွှာပေါ်တွင် တည်ရှိနေသည့် မြို့တစ်မြို့ဖြစ်သည်။

အဆိုပါအပူချိန်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ရာကူ့စ်မြို့ခံများ ခံစားခဲ့ရသော အအေးဆုံး အပူချိန်ဖြစ်ကြောင်း စီအင်န်အင်န် သတင်းဌာနက မိုးလေဝသပညာရှင်များ၏ ပြောကြားချက်များကို ကိုးကား၍ ဇန်နဝါရီလ ၁၉ ရက် ကြာသပတေးနေ့တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ပုံမှန်မဟုတ်သော အအေးလှိုင်း ဖြတ်သန်းသွားမှုကြောင့် မြို့တွင်းအပူချိန်သည် အနုတ် ၅၀ ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းသွားခဲ့သည်။

ရာကူ့စ်မြို့၏ အအေးဆုံးရာသီမှာ နိုဝင်ဘာလလယ်မှ ဖေဖော်ဝါရီလကုန်အထိ သုံးလကျော် ကြာမြင့်ပြီး ဇန်နဝါရီလမှာမူ အအေးဆုံးလဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here