နာရီဝက်သာခြား၍ ကား ၂ စီးမြောင်းထဲထိုးကျခဲ့မှု ကျောက်မဲမြို့နယ်တွင်ဖြစ်ပွား

0
386

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်၊အထက်ရဲရွာရေအားလျှပ်စစ်သို့သွားသည့်လမ်းတွင် ဇန်နဝါရီ ၂၀ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နေ့လည် ၁ နာရီခွဲခန့်က ကျောက်မဲမြို့နယ်၊အထက်ရဲရွာရေအားလျှပ်စစ်သွားလမ်း၏ လုပ်အင့်ကျေးရွာအနီးတွင် Hijet ကားတစ်စီးမှာ လမ်းဘေးမြောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီခန့်တွင်လည်း ယင်း လမ်းကြောင်း၏ လုပ်အင့်ကျေးရွာနှင့်မော်မာကျေးရွာကြား၌ Toyota Succeed ကားမှာလည်း လမ်းဘေးမြောင်းထဲသို့ ထပ်မံထိုးကျသွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်များအား ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှအဖွဲ့ဝင်များက လူနာတင်ကား ၂ စီးစီဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကား ၂ စီးလုံးမှာက ခေါင်းခန်းထဲမှ ၂ ယောက်စီပါလာတာ အဲဒီလမ်းက ဗြုံးသဲခင်းထားတဲ့လမ်းဖြစ်နေတော့ ချော်ပြီးကားတွေကလည်ပြီး မြောင်းထဲထိုးကျသွားတာ ကားတွေကျနေတဲ့တဲ့အနေအထားကိုကြည့်ရင် အရှိန်ပါလာရင် သေဆုံးနိုင်တဲ့အနေအထားတွေ အခုဖြစ်စဥ် ၂ ခုမှာ ကားပေါ်ပါ လာတဲ့လူတွေ တစ်ယောက်မှထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု ကမ်းလင့်လက်များလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် မြောင်းထဲထိုးကျသွားသည့် ကား ၂ စီးအား ကမ်းလင့်လက်များလူမှုကူညီရေးအသင်းဝင်များက လမ်းပေါ်သို့ပြန်လည်ဆွဲတင်ပေးခဲ့ကြပြီး ကားများ၏ခေါင်းပိုင်းများမှာ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

Photo-ကမ်းလင့်လက်များလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here