ယူကရိန်းအား လက်နက်များ ပိုမိုပေးအပ်သွားမည်ဟု နေတိုး မဟာမိတ်များက ကတိပြု၊ တောင်းဆိုထားသော တင့်ကားများ မပါဝင်သေး

0
240

ကိယက်ဗ်၊ ဇန်နဝါရီ ၂၀

အနောက်မဟာမိတ်များသည် ယူကရိန်းအား ဒေါ်လာဘီလျံနှင့်ချီသော လက်နက်များကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက် ကြာသပတေးနေ့တွင် ကတိပြုခဲ့သည်။

အက်စ်တိုးနီးယားနိုင်ငံရှိ စစ်တပ်အခြေစိုက်စခန်းတစ်ခုတွင် ကျင်းပခဲ့သော အစည်းအဝေး၌ ဗြိတိန်နှင့် ပိုလန်အပါအဝင် နေတိုးနိုင်ငံ ၁၁ နိုင်ငံက ယူကရိန်းအား စစ်ဘက်ဆိုင်ရာအကူအညီအသစ်များ ပေးအပ်မည်ဟု ကတိပြုခဲ့သည်။

အချို့နိုင်ငံများကမူ ကိယက်ဗ်က တောင်းဆိုထားသော တင့်ကားများအား ဘာလင်က သဘောတူလျှင် ပေးပို့မည်ဖြစ်ကြောင်း ကတိပြုထားသည်။

သို့ရာတွင် ဂျာမနီသည် မော်စကိုက တစ်စုံတစ်ရာ တုံ့ပြန်လာမည်ကို စိုးရိမ်သဖြင့် တင့်ကားပေးပို့ခွင့်နှင့် ပတ်သက်၍ အရိပ်အယောင်ပင် မပြသေးပေ။

အဆိုပါ တင့်ကားပေးပို့ခြင်းကိစ္စရပ်ကိုမူ ဇန်နဝါရီလ ၂၀ ရက် သောကြာနေ့တွင် ဂျာမနီနိုင်ငံ ရမ်စတိန်း လေတပ်အခြေစိုက်စခန်း၌ ကျင်းပမည့် အစည်းအဝေးပွဲတွင် အဓိကထား ဆွေးနွေးသွားဟန်ရှိသည်။

ဆောင်းရာသီကာလအတွင်း ရုရှားတို့ တပ်အင်အားပြန်လည်စုဆောင်းခွင့်ရပြီး အကြီးစား တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေသော ယူကရိန်းသည် ဂျာမန်ထုတ် လက်ပတ် တင့်ကားများအား ပေးပို့ရန် တောင်းဆိုလျက်ရှိသည်။

ဇလန်စကီးက တင့်ကားသည်သာ အရေးအခင်းကို အမှန်တကယ် အဆုံးသတ်ပေးနိုင်မည့် လက်နက်ဖြစ်သည်ဟု ယုံကြည်ထားပုံရသည်။

source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here