စီးရီးသုံးခွေ တစ်ပြိုင်တည်း စီစဉ်နေတဲ့ ရေဗက္ကာဝင်း

0
264

yay-baca-win-2

အေးချမ်းမေရဲ့ စာနယ်ဇင်းရှင်းလင်းပွဲနေ့မှာ ရေဗက္ကာဝင်းကို တွေ့လိုက်ရပါတယ်။ သူတအားနှစ်သက်သဘောကျတဲ့ အဆိုတော်တစ်ဦးဖြစ်တာမို့ ပွဲကိုလာရောက်ဖြစ်တာလို့ဆိုတဲ့ ရေဗက္ကာဝင်းက နိုဝင်ဘာလ ၁၉ ရက်နေ့ မှာ ပြုလုပ်မယ့် အေးချမ်းမေရဲ့ တစ်ကိုယ်တော်ပွဲကိုလည်းသွားရောက်ကြည့်ရှု ဦးမယ်လို့ ဆိုပါတယ်။ ရေဗက္ကာဝင်းက လတ်တလောမှာတော့ သူမရဲ့ ကြာနေပြီဖြစ်တဲ့ စီးရီးကိုအချောသတ်နေပြီး မြန်မာသီချင်းတစ်ခွေ၊ ဘုရားသီချင်း တစ်ခွေနဲ့ ကချင်ရိုးရာ စီးရီးတစ်ခွေ ၃ ခွေ တစ်ပြိုင်တည်း အသံသွင်းယူနေတယ်လို့ သိရပါတယ်။

” ဗက္ကာ အခု ၃ ခွေလုပ်နေတယ်။ မြန်မာသီချင်းခွေတစ်ခွေလုပ်လက်စနဲ့ လုပ်ရင်း တစ်ပြိုင်တည်း ၃ ခွေလုံးသွင်းဖြစ်သွားတာပါ။ စီးရီးခွေမလုပ်တာ၊ မဆိုဖြစ်တာလည်း တအားကြာနေပြီဆိုတော့ သီချင်းတွေ စုရင်းနဲ့ လုပ်ဖြစ်သွားတာ။ ဘုရားသီချင်းခွေဆိုရင်လည်း ပရိသတ်တွေ ခံစားနိုင်ဖို့ပေါ့။ ကချင် သီချင်းခွေဆိုရင်လည်း ကိုယ့်နိုင်ငံတွင်းက တိုင်းရင်းသားရိုးရာသီချင်းတွေကို နားထောင် ကြည့်စေချင်တယ်။ ပြည်ပက ယိုးဒယားတို့၊ ကိုရီးယားတို့၊ တရုတ်တို့ စတဲ့ အရှေ့တိုင်းနိုင်ငံတွေက သီချင်းတွေကိုတောင် နားထောင်နေရတာပဲလေ။ ကိုယ့်နိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးတွေရဲ့ဘာသာစကား သီချင်းလေးတွေကိုလည်း နားထောင်စေချင်တဲ့ ဆန္ဒနဲ့ပါ။ ဒီ ၃ ခွေလုံးကို တစ် နိုင်ငံလုံး ဖြန့်ချိသွားမှာပါ” လို့ ရေ ဗက္ကာဝင်းက ပြောပါတယ်။

ရေဗက္ကာဝင်းက သူ့ရဲ့ မြန်မာသီချင်းစီးရီးသစ်မှာတော့ သူအရင်ဆိုနေကျသီချင်းပုံစံမျိုးတွေ မဟုတ်တော့ဘဲ ပရိတ်သတ်မြင်ဖူးနေကျမဟုတ်တဲ့ ပုံစံမျိုးတွေ သီဆိုထားတယ်လို့ ပြောပါတယ်။ ” ဒီအခွေကတော့ ဗက္ကာအချိန်လည်းယူပြီးလုပ်ထားတော့သေချာလေး ပြင်ဆင်ထားပါတယ်။ ဆိုနေကျ မဟုတ်တဲ့၊ ပရိသတ် ကြားဖူးနေကျမဟုတ်တဲ့ ပုံစံ မျိုးဖြစ်မှာပါ။ အခု ဒီစီးရီး ၃ ခွေ လုပ်နေတာနဲ့ အလုပ်တွေရှုပ်နေတာဆိုတော့ တချို့ပြိုင်ပွဲ တွေမှာ အကဲဖြတ်ဒိုင်အဖြစ် လုပ်လက်စက နေတောင် ဒီကြားထဲနားထားဦးမယ်။ ဗက္ကာရဲ့စီးရီးက ၂ဝ၁၇ ခုနှစ် နှစ်ဆန်းမှာ ထွက်နိုင်အောင်လုပ်မှာပါ” လို့ ရေဗက္ကာဝင်းက ပြောပြခဲ့ပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here