ထိုင်း-မြန်မာ အစည်းအဝေးသဘောတူညီချက်များတွင်နယ်စပ်ဒေသမှ ပြည်သူလူထုများအေးချမ်းတည်ငြိမ်ရေးနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့လည်းပါဝင်

0
227

သံတွဲတွင်ကျင်းပ​နေသည့် ထိုင်း-မြန်မာ တပ်မ​တော်နှစ်ရပ်အစည်းအဝေးတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးခင်လှိုင်က (၃၄) ကြိမ်မြောက် မြန်မာ-ထိုင်းနယ်ခြားကော်မတီအစည်းအဝေးရလာဒ်များအား ရှင်းလင်းတင်ပြခြင်း၊နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့သည့် ကိစ္စများကို အခမ်းအနားမှူးက ရှင်းလင်းတင်ပြခြင်း၊တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးက 8th High Level Committee Meeting ၌ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ဆွေးနွေးတင်ပြခဲ့ကြသည်။

ကျင်းပခဲ့သည့် အစည်းအဝေးမှ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများ၊နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူလူ ထုများအေးချမ်းတည်ငြိမ်ရေး၊သဘာဝဘေးအန္တ ရာယ်ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာများ၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ကာကွယ်တား ဆီးရေးဆိုင်ရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က အစည်းအဝေးသဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးပြီး နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြသည်။

ရခိုင်ပြည်နယ်၊သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက မြန်မာ နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၈) ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ၏ သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ၏ ရှိရင်းစွဲဆက်ဆံရေးနှင့်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် ထာဝရရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်ကို ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက်တည်ရှိစေရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here