တံတားပိုင်တိုင်ထဲပိတ်မိသေဆုံးခဲ့သည့် ဗီယက်နမ်ကလေးငယ်၏ရုပ်အလောင်းကို သယ်ထုတ်နိုင်ခဲ့

0
379

ဟနွိုင်း၊ဇန်နဝါရီ ၂၀

တံတားပိုင်တိုင်ထဲပိတ်မိသေဆုံးသွားသည့် ဗီယက်နမ်ကလေးငယ်၏ရုပ်အလောင်းအား ယမန်‌ နေ့ကဗီယက်နမ်ကယ်ဆယ်ရေးသမားများ သယ်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများကပြောကြားခဲ့သည်။

အဆိုပါကလေးငယ်သည် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင် ၌ သံတိုသံစများ ကို ကောက်ရန်သွားစဉ် ၂၅ စင်တီမီတာကျယ်ပြီး ၃၅ မီတာနက်သော ပိုင်တိုင်ထဲသို့ပြုတ်ကျသွားခြင်းဖြစ်သည်။

၎င်းပြုတ်ကျသွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကယ်ဆယ်ရေးသမားများအပါအဝင် စစ်သားများပါကူညီခဲ့ကြသော်လည်း အချိန်မှီကယ်တင်နိုင်ခဲ့ခြင်းမရှိပဲ လေးရက်မြောက်နေ့၌သေဆုံးသွားခြင်းဖြစ်သည်။

ယင်းနောက်ကလေးငယ်၏ရုပ်အလောင်းအား ပြန်လည်ရရှိရန်လည်း အထူးကိရိယာများအသုံးပြုကာ ခဲရာခဲဆစ်ဆောင်ရွက်ခဲ့ရသည်ဟုဆိုသည်။

တံတားအောက်ခြေတွင် မြေဆီအနှစ်များရှိနေသဖြင့် အလောင်းအားမပျက်မစီးဘဲ ပကတိအတိုင်းသယ်ယူနိုင်ခဲ့ပြီး သင်္ဂြိုလ်နိုင်ရန်မိသားစုထံသို့ပြန်ပို့ပေးခဲ့ကြောင်းလည်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here