လူကြီးများရှက်စရာ

0
492

– သားမြေးရှိလျက်၊စာသင်ဖျက်၊သက်ကြီးရှက်စရာ။

-သူငယ်ကလက်၊မပြောရက်၊သက်ကြီးရှက်စရာ။

-ဆံပင်ဖြူလျက်၊ပွဲစုံမက်၊သက်ကြီးရှက်စရာ။

-သွားကျိုးပါးခွက်၊အစားမက်၊သက်ကြီးရှက်စရာ။

-၀ံသာနုဖျက်၊ ထည်ကောင်းမက်၊သက်ကြီးရှက်စရာ။

-ဝတ်ကျောင်းရှိလျက်၊ဝတ်မတတ်၊သက်ကြီးရှက်စရာ။

-ဥပုသ်နေ့ရက်၊ညစာချက် ၊သက်ကြီးရှက်စရာ။

စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီး၏သက်တော် ၁၀၀ စာ ၁၀၀ စာအုပ်မှ​ကောက်နုတ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here