ဂျပန်တွင် လာမည့်နွေဦး၌ ကိုဗစ်အား ရာသီတုပ်ကွေးအဖြစ်လျှော့ချသတ်မှတ်မည်ဟုဆို

0
322

တိုကျို၊ဇန်နဝါရီ ၂၀

ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါက အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် အာရုံစိုက်နေရသဖြင့် ကိုဗစ်ရောဂါအား ရာသီတုပ်ကွေးအဆင့်သို့ လျှော့ချသတ်မှတ်ရန် အစိုးရအဖွဲ့အားညွှန်ကြားခဲ့ကြောင်းသိရသည်။အဆိုပါသတ်မှတ်ချက်သည် လာမည့်နွေဦး၌ စတင်အကျုံးဝင်မည်ဖြစ်သည်။

ယင်းနောက် အစိုးရအနေဖြင့် ကိုဗစ်နှင့်ယှဉ်တွဲနေထိုင်ခြင်းမူအားကျင့်သုံးကာ နိုင်ငံအားမူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် တဖြည်းဖြည်းချင်းပြောင်းလဲသွားမည်ဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

ကိုဗစ်သည် လက်ရှိတွင် ဂျပန်နိုင်ငံ၏ ဒုတိယအမြင့်ဆုံး ရောဂါအမျိုးအစားထဲတွင်ပါဝင်နေသည်။၎င်းကို တီဘီရောဂါနှင့်ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ များနှင့်အတူတစ်တန်းတည်းသတ်မှတ်ထားသည်။

အဆင့်လျှော့ချပြီးပါက ကိုဗစ်သည်နံပါတ်ငါးနေရာသို့ရောက်ရှိသွားမည်ဖြစ်ပြီး ကိုဗစ်ရောဂါရှိသူနှင့်ကူးစက်ခံထားရသူများအနေဖြင့် ကွာရန်တင်းနေရန်လည်းမလိုအပ်တော့ဟုသိရသည်။မကြာမီလည်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမှုကို ရုပ်သိမ်းပေးတော့မည်ဟုဆိုသည်။

ဂျပန်၌ ယခင်ကထက် ကူးစက်မှုနှုန်းကျဆင်းလာသော်လည်း နေ့စဉ်ကူးစက်နှုန်းသည် တစ်သိန်းနီးပါးရှိနေဆဲဖြစ်ပြီး သေဆုံးမှုသည်လည်း စံချိန်တင်အဆင့်နှင့်နီးကပ်နေဆဲဖြစ်ကြောင်းသိရသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here