တောင်ကိုရီးယား၌ အများပြည်သူနှင့်သက်ဆိုင်သောအဆောက်အအုံများအတွင်း နှာခေါင်းစည်းကို မဖြစ်မနေတပ်ရန်မလိုတော့

0
202

ဆိုးလ်၊ဇန်နဝါရီ ၂၀

တောင်ကိုရီးယား၌ ကိုဗစ်ဖြစ်ပွားမှုနှုန်းကျဆင်းလာသဖြင့် အများပြည်သူ နှင့် သက်ဆိုင် သော အဆောက်အအုံများအတွင်း နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ရန်မလိုတော့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်မှစကာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နှင့် ဆေးရုံ၊ဆေးခန်းများမှလွဲ၍ အခြားနေရာများ၌ နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ရန်မလိုအပ်တော့ကြောင်းဖော်ပြထားသည်။

အဆိုပါနှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမှုအား ၂၀၂၀ ပြည့်နှစ်ကစတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ဖြေလျှော့လိုက်မှုများတွင် နောက်ဆုံးကျန်နေသည့် စည်းမျဉ်းလည်းဖြစ်သည်။

မဖြစ်မနေနှာခေါင်းစည်းတပ်ဆင်ရမှုကို ရုပ်သိမ်းလိုက်သော်လည်း ကိုဗစ်ရောဂါရှိသူများအနေဖြင့် ခုနစ်ရက်သီးသန့်ခွဲနေရန် မဖြစ်မနေသတ်မှတ်ထားဆဲပင်ဖြစ်သည်။

ကိုဗစ်ကာလအတွင်း၌ တောင်ကိုရီးယားနိုင်ငံသား သန်း ၃၀ နီးပါး ကိုဗစ်ကူးစက်ခံထားရပြီး လူပေါင်း ၃၃,၀၀၀ ကျော် သေဆုံးခဲ့ကြောင်းလည်း တရားဝင်အချက်အလက်များအရသိရသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here