ယခုနှစ်အတွင်း ရုရှားတပ်များကို တိုက်ထုတ်ရန် ယူကရိန်း လွန်စွာခက်ခဲမည်ဟု အမေရိကန် ဗိုလ်ချုပ်ကြီးပြောကြား

0
177

ယူကရိန်းသည် ယခုနှစ်အတွင်း ရုရှားတပ်များကို ၎င်း၏ ပိုင်နက်အတွင်းမှ တိုက်ထုတ်ရန်အတွက် လွန်စွာခက်ခဲမည်ဖြစ်ပြီး၊ အောင်မြင်မည်ဆိုသည်ကို သံသယရှိကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီ(Mark Milley)က သောကြာနေ့တွင် အခိုင်အမာ ပြောကြားခဲ့သည်။

“စစ်ရေးရှုထောင့်ကနေကြည့်ရင် ဒီနှစ်အတွက် ရုရှားတပ်တွေကို အရပ်မျက်နှာတိုင်းကနေ စစ်ရေးအရ တွန်းလှန်ထုတ်ဖို့ အရမ်းခက်ခဲမယ်။ ဒါကြောင့် ရုရှားတပ်တွေကို မောင်းနှင်ထုတ်ပစ်ဖို့ အောင်မြင်မယ်ဆိုတာကိုလဲ သံသယရှိကြောင်း ကျွန်တော် အခိုင်အမာ ပြောနိုင်ပါတယ်”ဟု ယူကရိန်းအရေးနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံတွင် အမေရိကန်က လက်ခံကျင်းပသည့် အစည်းအဝေးတွင် မီလီက သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံမှ Leopard 2 စစ်တင့်ကားများအား ယူကရိန်းသို့ ပေးပို့ထောက်ပံ့မည့် အစီအစဉ်ကို ယင်းအစည်းအဝေးတွင် သဘောတူညီမှု မရခဲ့ဘဲ ပျက်ပြယ်ခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးကမူ ရုရှားနိုင်ငံမှ စတင်ခဲ့သော စစ်ပွဲနှင့်ပတ်သက်၍ အဖက်ဖက်က နှောင့်နှေးမှုကို ခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့ပြီး ထို့ကြောင့် လက်နက်များ ပိုမိုရရှိရန် သူက တောင်းဆိုနေရခြင်းဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လအတော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသည့် Donetsk မြို့ Bakhmut အနီးဒေသများကို မိမိတို့က ထိန်းချုပ်ထားပြီဖြစ်ကြောင်း ရုရှားက ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here